Main menu

Background

လာမည့် ၂၀၂၁ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမည်ဖြစ်ကြောင်း OECD ခန့်မှန်း

Thu, 12/10/2020 - 10:20 -- journal_editor

The Organization for Economic Co-operation and Development (OECD) သည် လာမည့် ၂၀၂၁ ခုနှစ်မကုန်မီ ကမ္ဘာ့စီးပွားရေးသည် ကိုရိုနာကူးစက်ရောဂါမပြန့်ပွားမီအချိန်က အနေအထားသို့ ပြန်လည်ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါသည်။

ယခု ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန်ခဲ့သည့် OECD အဖွဲ့၏ စီးပွားရေး အလားအလာ ခန့်မှန်းချက်တွင် ကမ္ဘာ့စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်အတွက် ခန့်မှန်းထားသည့် ၄.၂ % လျော့ကျနိုင်သည့် အနေအထားမှ ၂၀၂၁ ခုနှစ်တွင် ပြန်လည်နာလန်ထူလာကာ ၄.၂ % တိုးတက် လာနိုင်သည်ဟု ခန့်မှန်းထားပါသည်။

          OECDအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထွက်ပေါ်လာမည့် အလားအလာကောင်းများ ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၈ % တိုးတက်လာနိုင်ကြောင်း၊ တောင်ကိုရီးယားနှင့် အခြားသောနိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ်အရောက်တွင် ကိုရိုနာကူးစက်ရောဂါ မပြန့်ပွားမီအချိန် က အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းသုံးသပ်ထားပါသည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးသည် ယခု ၂၀၂၀ ပြည့်နှစ်တွင် ၅.၃ % ခန့်ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် olympic နှင့်paralympic အားကစား ပြိုင်ပွဲများကြောင့် ဂျပန်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုရှိလာနိုင်သော်လည်း တိုးတက်မှု နှုန်းမှာ ၂.၃ % ခန့်သာရှိနိုင်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့်နှင့် ကုန်ထုတ်စွမ်းအားမြင့်မားပြီး ရေရှည်တိုးတက်စေ နိုင်သည့် မူဝါဒများ ချမှတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် ထိုဆောင်ရွက်ချက်များနှင့် လိုက်လျော ညီထွေရှိသည့်  ပြောင်းလွယ်ပြင်လွယ်ရှိသည့် မူဝါဒများ ဖော်ဆောင်သင့်သည်ဟု OECD  က အကြံပြုထားကြောင်းသိရပါသည်။

ရင်းမြစ်။ The Cabinet Office of Japan, METI, Japan, The Japan Times, The Japan News, The NHK World-Japan.

 

                                                         

                  

နန္ဒာဝင်း

(စီးပွားရေးသံမှူး)

 မြန်မာသံရုံး၊ တိုကျိုမြို့