Main menu

Background

China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition ပြပွဲအား တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်မည်

Tue, 12/15/2020 - 12:11 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်း မြို့ Nanning International Convention and Exhibition Center (NICEC) ၌ The China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition (The Sugar All Expo) အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။ ဤပြပွဲအား CAEXPO Secretariat ၊ GIEG ၊ China Sugar Association ၊ China Agricultural Mechanization Association ၊ China Association of Agricultural Machinery Manufacturers ၊ China Agricultural Machinery Distribution Association ၊ Sugar Industry Development Office of Guangxi ၊ Department of Agriculture and Rural Affairs of Guangxi Zhuang Autonomous Region နှင့် Service Center of Agriclutural Mechanization of   Guangxi Zhuang Autonomous Region တို့က ပူးပေါင်းကျင်းပမည် ဖြစ်ပါသည်။

The Sugar All Expoတွင် မူဝါဒများ၊ စံနှုန်းသတ်မှတ်ခြင်း၊ ထုတ်လုပ် ခြင်းနှင့် ရောင်းချခြင်း၊ ရုပ်ပုံများပြသခြင်း၊  အမှတ်တံဆိပ်လုပ်ငန်းလုပ်ပိုင်ခွင့်များပေးခြင်း ၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်ခြင်း၊ ထုတ်လုပ်မှု နည်းပညာများ အသုံး ပြုခြင်း၊ ဉာဏ်တုအသုံးပြု၍ စိုက်ပျိုးခြင်း၊ နည်းပညာ ဖွံ့ဖြိုးရေးနှင့် တီထွင်ဆန်းသစ် မှုများနှင့် စားသောက်ကုန်စိတ်ချလုံခြုံရေးစသည့်သကြားထုတ်လုပ်မှု ကွင်းဆက်အားလုံး အပေါ် ခြုံငုံပြသသွားမည်ဖြစ်ပြီး၊  ကမ္ဘာတစ်ဝှမ်းမှ သကြားလုပ်ငန်း ရင်းမြစ်များကို စုစည်း ပြသသွားရန်ရည်ရွယ်ထားပါသည်။

The Sugar All Expoတွင် သကြားစိုက်ပျိုးထုတ်လုပ်မှုနှင့်ပတ်သက်သည့် စက်ပစ္စည်းများ၊ နည်းပညာများနှင့်အသုံးအဆောင်များ၊ သကြားနှင့် လုပ်ငန်းသုံးသကြား စသည့်ထွက်ကုန်များ၊ ချောကလက်၊ သကြားလုံး၊ ပျားရည်၊ ဘီစကစ်၊ နို့မှုန့်၊ သကြား ပါဝင်သည့် ဆေးဝါးများ၊ စိုက်ပျိုးရေးထွက်ကုန်များစသည့် သကြားဖြင့် ထုတ်လုပ်ထား သည့်စားသောက်ကုန်များနှင့် ယမကာများ၊ အထောက်အကူပြု ပံ့ပိုးပေးမည့် ဝန်ဆောင်မှု များဟူ၍ အပိုင်း ငါးပိုင်းဖြင့် ကျင်းပ သွားမည်ဖြစ်ပါသည်။ ၎င်းပြပွဲကာလအတွင်း မြန်မာနိုင်ငံ၏ သကြားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအား ပါဝင်ပြသရန်အတွက် ၃၆ စတုရန်း မီတာကျယ်ဝန်းသည့် ပြခန်းနေရာပေးမည်ဖြစ်ပါသည်။

ယခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း၌ ကိုရိုနာကပ်ရောဂါကျရောက်နေသည့်အတွက်  တရုတ်နိုင်ငံသို့ မြန်မာလုပ်ငန်းရှင်များ ကိုယ်တိုင်လာရောက်ပြသရန် ခက်ခဲနေကြသဖြင့် မြန်မာနိုင်ငံအတွက် ရရှိမည့် ၃၆ စတုရန်းမီတာ အကျယ်အဝန်း ရှိနေသော နေရာတွင် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ရင်းမြစ်၊ စီးပွားရေးသံမှူးရုံး (မြန်မာကုန်သွယ်ရေးကိုယ်စားလှယ်ရုံး)၊ နန်နင်းမြို့

ရွှေစင်ကို(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊နန်နင်းမြို့)