Main menu

Background

၂၀၂၀ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံထွက်ရှိမှု သုညဒသမ၉ရာခိုင်နှုန်း ပိုမိုလာ

Tue, 12/15/2020 - 12:25 -- journal_editor

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ကီလို ဂရမ် ၆၆၉၅ ဘီလီယံသို့ ရောက်ရှိခဲ့ကာ၊ ယခင်နှစ်ကထက် ကီလိုဂရမ် ၅ဒသမ၆၅ ဘီလီယံ (သို့မဟုတ်) ၀ဒသမ၉ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းဗျူရို ၏ ထုတ်ပြန်ချက်အရ သိရပါသည်။

နိုင်ငံ၏ ကောက်ပဲသီးနှံထုတ်လုပ်မှုမှာ ခြောက်နှစ်ဆက်တိုက် တန်ချိန် ၆၅၀ ဘီလီယံကျော်လွန်သဖြင့် တရုတ်နိုင်ငံ၏ စားသုံးမှုဝယ်လိုအားကို ပြည့်မီသည့်အဆင့် ဖြစ်ကြောင်း စာရင်းအင်းဗျူရို၏ ကျေးလက်ရေးရာဌာနမှ ညွှန်ကြားရေးမှူး Li Suoqiangက မှတ်ချက်ပြုပြောကြားပါသည်။

ကောက်ပဲသီးနှံထုတ်လုပ်မှုတွင် ဆန်၊ ဂျုံ၊ ပြောင်းစသည့် အဓိကသီးနှံများ၏ စုစုပေါင်း ရိတ်သိမ်းမှုမှာ ကီလိုဂရမ် ၆၁၆ဒသမ၇၅ ဘီလီယံထိရှိခဲ့ကာ ၂၀၁၉ခုနှစ်ထက် ၀ဒသမ၅ရာခိုင်နှုန်း ပိုမိုခဲ့ပါသည်။ ဆန်ထုတ်လုပ်မှုတွင် ၁ဒသမ၁ ရာခိုင်နှုန်း၊ ဂျုံထုတ်လုပ်မှုတွင် ၀ဒသမ၅ ရာခိုင်နှုန်းတိုးတက်လာသော်လည်း ပြောင်းထုတ်လုပ်မှုမျာ ကီလိုဂရမ် ၀ဒသမ၁ ဘီလီယံ ခန့်အနည်းငယ်ကျဆင်းခဲ့ပါသည်။

ပဲပုပ်စိုက်ပျိုးရေးမှာမူ အစိုးရက မူဝါဒများဖြင့် ပံ့ပိုးပေးမှုကြောင့် ၂၀၁၉ခုနှစ် ကနှင့်နှိုင်းယှဉ်ပါက ၅ဒသမ၉ ရာခိုင်နှုန်းတိုးတက်လာကာ စိုက်ပျိုးမြေဟက်တာ ၅၉ဒသမ ၉၀သန်း သို့ရောက်ခဲ့ပါသည်။ ပဲပုပ်အထွက်နှုန်းမှာလည်း ၈ဒသမ၃ ရာခိုင်နှုန်း တိုးတက် လာကာ ကီလို ဂရမ် ၁၉ဒသမ၆ဘီလီယံသို့ ရောက်ရှိခဲ့ပါသည်။

မကြာသေးမီက တရုတ်နိုင်ငံတွင် ကိုရိုနာကပ်ရောဂါ ဖြစ်ပွားခဲ့မှုနှင့် တောင်ပိုင်း ဒေသအချို့ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့မှုကြောင့် စားနပ်ရိက္ခာလိုအပ်ချက်ဖြစ်ပေါ်နိုင်မှု အပေါ် စိုးရိမ်မှုများဖြစ်ပွားခဲ့ကြပါသည်။ သို့ရာတွင် အရေးပေါ် အခြေအနေစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့မှုများအရ  ရေလွှမ်းမိုးမှုကြောင့် ကောက်ပဲသီးနှံစိုက်ပျိုးမြေ ငါး ရာခိုင်နှုန်းခန့် အပေါ်တွင်သာ သက်ရောက်ခဲ့ပြီး၊ တစ်ရာခိုင်နှုန်းသာ ပျက်စီးခဲ့ကြောင်း သိရ ပါသည်။

ရင်းမြစ်၊ CCTV.com (၁၁-၁၂-၂၀၂၀)

ရွှေစင်ကို(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊နန်နင်းမြို့)