၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အာဂျင်တီးနားနိုင်ငံ၏ ပဲပုပ်စေ့စိုက်ပျိုးမှုမှာ စုစုပေါင်းစိုက်ပျိုးမြေဧရိယာ၏ ၅၇ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း ဗျူနိုအေရိစ်ကောက်ပဲသီးနှံရောင်းဝယ်ရေးအသင်းက သတင်းပေးပို့ခဲ့သည်။ အဆိုပါစိုက်ပျိုးမှု၏ ၄ ဒသမ ၂ ရာခိုင်နှုန်းမှ ရာသီဥတုအခြေ အနေကြောင့်နောက်ကျစိုက်ပျိုးခဲ့ရသော်လည်း ယခင်နှစ်စိုက်ပျိုးမှုနှင့်နှိုင်းယှဉ်ပါက ၈ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
အပူချိန်မြင့်တက်ခြင်း၊ မိုးခေါင်မှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရဖြင့် စိုက်ပျိုးရေးလုပ်ငန်းများနောက် ကျခဲ့သော်လည်း အာဂျင်တီးနားနိုင်ငံ Entre Rios ပြည်နယ်၏ အရှေ့အလယ်ပိုင်းနှင့် Córdoba ပြည်နယ်၏ အနောက်အလယ်ပိုင်းဒေသ တွင် စံချိန်တင်တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စတော့ဈေးကွက်၏အပတ်စဉ်သတင်းတင်ပြချက်တွင် ဖော်ပြခဲ့သည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် အောင်မြင်ဖြစ်ထွန်းမည့်ပဲပုပ်စေ့သီးနှံသည် ၆၇ ရာခိုင်နှုန်းမှ ၅၅ ရာခိုင်နှုန်းသို့ ကျဆင်းနိုင် ကြောင်း သုံးသပ်လျက်ရှိသည်။
စုစုပေါင်းစိုက်ပျိုးမြေဟက်တာ ၆ ဒသမ ၃ သန်းရှိသည့်အနက် ၄၇ ရာခိုင်နှုန်းတွင် ပြောင်း စိုက်ပျိုး ထုတ်လုပ်လျက်ရှိသဖြင့် အာဂျင်တီးနားနိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ တဖြည်းဖြည်းတိုးတက်လျက်ရှိသည်။ ရာသီဥတုကြောင့် ပြောင်းစိုက်ပျိုးမှုတွင်လည်း စိုက်ပျိုးချိန်နောက်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ယခင်နှစ်က စုစုပေါင်းပြောင်းစိုက်ပျိုးမှု၏ ၇ ဒသမ ၇ ရာခိုင်နှုန်းအား နောက်ကျစိုက်ပျိုးခဲ့ရပြီး ယခုနှစ်တွင် နောက်ကျစိုက်ပျိုးမှုမှာ ၁၂ ရာခိုင်နှုန်းအထိရှိ သည်။ ယခုနှစ်ပြောင်းစိုက်ပျိုးမှု၏ ၂၄ ရာခိုင်နှုန်းမှာ အထွက်နှုန်းကောင်းမွန်ရန် မျှော်မှန်းလျက်ရှိသည်။
အာဂျင်တီးနားနိုင်ငံရှိ ဂျုံစိုက်ပျိုးမြေ၏ ၅၃ ဒသမ ၅ ရာခိုင်နှုန်းမှာ စိုက်ပျိုးပြီးဖြစ်သည်။ ယခုနှစ်စိုက်ပျိုးထားသည့်ဂျုံစိုက်ခင်းများမှ ဂျုံတန်ချိန် ၁၆ ဒသမ ၈ သန်းထွက်ရှိရန် မျှော်မှန်းထားသည်။ စတော့ဈေးကွက်သတင်းဂျာနယ်၏ သတင်းဖော်ပြချက်အရ ဂျုံစိုက်ပျိုးမှုစုစုပေါင်း၏ ၂၉ ရာခိုင်နှုန်းအား အထွက်နှုန်းမွန်ကောင်းရန် မျှော်မှန်းထားသည်။ ထို့အပြင်ပျက်စီးဆုံးရှုံးနိုင်သည် ဂျုံစိုက်ဧရိယာအား ၂၁ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းသို့လျော့ကျရန် မျှော်မှန်း ထား သည်။
ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး
သတင်းရင်းမြစ် - Argentina: soybean planting reaches 57.1% of the predicted area, says Bolsa de Cereais