Main menu

Background

တရုတ်-ဗီယက်နမ် မီးရထားပို့ဆောင်ရေးလမ်းကြောင်း ယမန်နှစ်ကထက် တိုးတက်ဖြစ်ထွန်းလာ

Tue, 02/23/2021 - 11:40 -- journal_editor

 ဇန်နဝါရီ ၂၈ရက် စာရင်းများအရ တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် မီးရထားအစီးရေ စုစုပေါင်း ၂၇ စင်းအား ပြေးဆွဲပြီးဖြစ်သဖြင့် ယခင်နှစ်ကထက် ၁၂၅ရာခိုင်နှုန်း တိုး တက်လာကြောင်း တွေ့ရှိရသည်။ တရုတ်နှင့် ဗီယက်နမ် အကြား လွယ်ကူချောမွေ့သည့်  သယ်ယူပို့ဆောင်ရေးဖြစ်စေရေး သေချာစေရန် နယ်စပ်ဖြတ် ကျော် မီးရထားများအား တင်းကျပ်သည့် ပိုးသတ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ကာ ပြေးဆွဲလျက်ရှိသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း နှင့်အနောက်ပိုင်းမှ ဂျုံ၊ ဂျုံမှုန့်၊ သန့်စင်ပြီး ဆား၊ ဖန်ထည်၊ ချည်လုံးနှင့် ဒီဇယ်အင်ဂျင်တို့ကဲ့ သို့သော ကုန်ပစ္စည်းများအား တင်းကျပ်သည့် သီးခြားထား စစ်ဆေးမှုများပြုလုပ်ပြီး  စစ်ဆေးမှု အောင်မြင်မှသာလျှင် အာဆီယံနိုင်ငံများသို့   တင်ပို့ရန် ရထားပေါ်သို့ တင်ခွင့်ပြု ကြောင်းနှင့် အာဆီယံနိုင်ငံများမှ တင်သွင်းလာသည့် အဝတ် အထည်နှင့်  နေ့စဉ်လူသုံးကုန်ပစ္စည်းများအား တရုတ်နိုင်ငံ၊ ပင်းရှန်ဘူတာသို့ ဆိုက်ရောက်လာသည့်အခါ ကုန်ချခြင်းမပြု မီ ပိုးသတ် ဆောင်ရွက်သည့်စနစ်အား ပထမဆုံးအောင်မြင်စွာ ဖြတ်သန်းရန် လိုအပ်ကြောင်း သိရသည်။
ပြည်ပနိုင်ငံများတွင် ကပ်ရောဂါအခြေအနေ၏ သက် ရောက်မှုကြောင့် နယ်စပ်ဖြတ်ကျော်  သယ်ယူပို့ဆောင်မှုများ အပေါ်  သက်ရောက်မှုရှိခဲ့သော်လည်း နယ်စပ်ဖြတ်ကျော် မီးရထားများဖြင့် ကုန်ပစ္စည်းတင်သွင်းမှုများမှာ ၂၀၂၀ ပြည့် နှစ်မှစ၍ နှစ်စဉ်တိုးတက်မှုနှုန်း ၁၅ရာခိုင်နှုန်းဖြင့်  စတင်တိုးတက်လာခဲ့သည်။ နန်နင်း အပြည်ပြည်ဆိုင်ရာရထားဘူတာမှ ထွက်ခွာသည့် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော်မီးရထားများမှာ ၃၃ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်း ထားပြီး ၎င်းမီးရထားများမှာ တရုတ်နှင့် အာဆီယံနိုင်ငံများ နှစ်ဖက်စလုံးတွင် နိုင်ငံခြားကုန်သွယ်မှု ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အားများ ဖြစ်လာမည်ဟု မျှော်မှန်းထားသည်။

 

ဒေါက်တာရွှေစင်ကို (စီးပွားရေးသံမှူး)