Main menu

Background

မိုးရွာသွန်းမှုများရှိနေသော်လည်း သီးနှံရိတ်သိမ်းမှုများလုပ်ဆောင်လျက်ရှိသဖြင့် Tocantins ပြည်နယ်၊ Darcinópolis ဒေသရှိ ပဲပုတ်စိုက်ပျိုးဧရိယာ၏ ၄၀ ရာခိုင်နှုန်း ရိတ်သိမ်းပြီးစီး

Tue, 03/16/2021 - 09:41 -- journal_editor

ဘရာဇီးလ်နိုင်ငံရှိ Tocantins  ပြည်နယ်၊ Darcinópolis ဒေသတွင် ၂၀၂၀-၂၀၂၁ ခုနှစ် အတွက် သီးနှံရိတ်သိမ်းမှုများဆောင်ရွက်နေစဉ်ကာလတွင် မိုးရွာသွန်းမှုများရှိနေ‌သော်လည်း ပဲပုတ်စိုက်ခင်းများ၏ ၄၀ ရာခိုင်နှုန်းအား ရိတ်သိမ်းပြီး ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုကြောင့် အခက် အခဲများရှိနေသော်လည်း သီးနှံရိတ်သိမ်းမှုများအပေါ် ပဲပုတ်စိုက်တောင်သူများအနေဖြင့် ကျေနပ်မှု ရှိကြောင်း သတင်းတွင်ဖော်ပြထားသည်။

              သီးနှံစိုက်ပျိုးထုတ်လုပ်မှုတွင် ဖွံ့ဖြိုးတိုးတက်မှုများရှိကြောင်းနှင့် ရိတ်သိမ်းချိန်သီးနှံထွက် ရှိမှုမှာ တစ်ဟက်တာပျမ်းမျှအထွက်နှုန်းသည် ၆၀ အိတ်ဖြစ်ကြောင်း Darcinópolis ဒေသ၏ စိုက်ပျိုး မြေစစ်ဆေးရေး ကျွမ်းကျင် အင်ဂျင်နီယာ Marcílio Fernandes Marangoni က ပြောကြားခဲ့သည်။

              မိုးရွာသွန်းမှုများဆက်လက်ဖြစ်ပေါ်နေသော်လည်း သီးနှံစိုက်တောင်သူများအနေဖြင့် သီးနှံ ဖျက်ပိုးမွှားများနှင့်ပတ်သက်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

              သီးနှံစိုက်တောင်သူများ၏ အဓိကစိုးရိမ်မှုမှာ ဒုတိယသီးနှံဖြစ်သည့် ပြောင်းသီးနှံများ၏ စိုက်ပျိုးနိုင်မည့်အခြေအနေဖြစ်ကြောင်း၊ ဒုတိယသီးနှံစိုက်ပျိုးပြီးစီးရမည့် ပုံမှန်ကာလမှာ ၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် နောက်ဆုံး ထား၍စိုက်ပျိုးရန်ဖြစ်ကြောင်း၊ သို့ရာတွင် ဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိနေကြောင်း၊ လတ်တလောမိုးလေဝသအခြေ အနေများအရ မတ်လနှင့်ဧပြီလတို့တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နိုင်မည့် အခြေအနေများဖြစ်ပေါ်နေကြောင်း ကျွမ်းကျင်ပညာရှင် Marangoni က သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Darcinópolis/TO has already harvested 40% of soybeans and fights against rain to move forward with the work, noticiasagricolas.com.br