Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပဲပုတ်စေ့ရိတ်သိမ်းမှုတွင် ၄၅.၇ ရာခိုင်နှုန်းကျော် ပြီးစီး

Thu, 03/18/2021 - 10:06 -- journal_editor

ကမ္ဘာ့ပေါ်တွင် ပဲပုတ်စေ့စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနှင့် နိုင်ငံတကာဈေးကွက်သို့  တင်ပို့မှုအများဆုံးဖြစ်သည့် ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၄၅ဒသမ၇ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့သော်လည်း ယခင်နှစ်အောက် လျှော့နည်းလျက်ရှိနေကြောင်း  ၂၀၂၁ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် အကြံပေးကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ယခင်နှစ်စိုက်ပျိုးရာသီ အစပိုင်းတွင် မိုးခေါင်ခဲ့မှုကြောင့် စိုက်ပျိုးချိန်နောက်ကျခဲ့သဖြင့် ယခုနှစ်ဇန်နဝါရီလတွင် ရိတ်သိမ်းမှုများပြီးစီးရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ ပဲပုတ်အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် Mato Grosso တွင်အစောဆုံးစတင်ရိတ်သိမ်း ခဲ့ပြီး စုစုပေါင်းစိုက်ပျိုးဧရိယာ၏ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးခဲ့ကြောင်း၊ယခင်နှစ်ကာလတူ ရိတ်သိမ်း ပြီးစီးမှုမှာ ၉၇ ရာခိုင်နှုန်းနှင့် ယခင်နှစ်၏ ပျမ်းမျှရိတ်သိမ်းပြီးစီးမှုပမာဏမှာ ၈၈ဒသမ၂ ရာခိုင်နှုန်း ဖြစ်ကြောင်း ကုမ္ပဏီကပြောကြားခဲ့သည်။

    ဘရာဇီးလ်နိုင်ငံ၏ ဆီထွက်သီးနှံအများအပြားစိုက်ပျိုးသည့် Paraná ပြည်နယ်တွင် ယခုနှစ် ရိတ်သိမ်းချိန်ကာလ၌ ၃၉ ရာခိုင်နှုန်းသာ ရိတ်သိမ်းပြီးစီးခဲ့သဖြင့် ၂၀၁၉-၂၀၂၀ ခုနှစ် ကာလတူတွင် ရိတ်သိမ်းပြီးစီးခဲ့သည့်  ၇၀ ရာခိုင်နှုန်း အောက်သို့ လျှော့ကျလျက်ရှိကြောင်း၊ ယခင်နှစ်၏ ပျမ်းမျှ ရိတ်သိမ်းပြီးစီးမှုမှာ ၆၂ဒသမ၈ ရာခိုင်နှုန်းဖြစ်ကြောင်း ကုမ္ပဏီ၏ပြောကြားချက်တွင် ဖော်ပြထားသည်။

 

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Brazil's 2020/21 soybean harvest advances to 45.7% of the area, says Safras, The REUTERS