Main menu

Background

စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေမှုအတွက် ကိုဗစ်-၁၉ ဆိုင်ရာသွားလာမှုကန့်သတ် ချက်များအပေါ် သမ္မတ Bolsonaro ဝေဖန်

Thu, 03/18/2021 - 10:09 -- journal_editor

၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် သမ္မတနန်းတော် Alvorada ၌ ပြုလုပ်ခဲ့ သည့် လူထုနှင့်တွေ့ဆုံပွဲတွင် ကိုဗစ်-၁၉ ဆိုင်ရာ သွားလာမှုစည်းကမ်းကန့်သတ်ချက်များကြောင့် စီးပွားရေးလုပ်ငန်းများရပ်ဆိုင်းခဲ့ကာ အခြေခံစား သောက်ကုန်ဈေးနှုန်းများ မြင့်တက်နေမှုအပေါ် ကိုဗစ်-၁၉ ကူးဆက်မှုနှင့် တစ်ဦးနှင့်တစ်ဦး ခွဲခြားနေထိုင်ရေးမူဝါဒအပေါ် သမ္မတ Bolsonaro က ပြစ်တင်ဝေဖန်ခဲ့ကြောင်း သတင်းတွင်ဖော်ပြခဲ့သည်။ စားသောက်ကုန်လုပ်ငန်းများတွင် ၁၅ ရာခိုင်နှုန်းဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခင်နှစ်ကာလတူတွင် အစိုးရကထုတ်ပြန်ကြေညာ ခဲ့သည့် ဈေးနှုန်းထက် ၃ ဆကျော် မြင့်တက်လျက်ရှိကြောင်း Institute of Geography and Statistics (IBGE) ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

              ကိုဗစ်-၁၉ ကူးဆက်မှုမှကာကွယ်ရန် မိမိအိမ်တွင်သာ နေထိုင်ရေးမူဝါဒသည် အလုပ် အကိုင်နေရာသန်းပေါင်းများစွာကို ပျက်ဆီးစေကြောင်း၊ အလုပ်အကိုင်မရှိဘဲ အိမ်ထဲတွင်သာ ထိုင်နေပါက လက်ရှိဝင်ငွေဆုံးရှုံးပြီး စားဝတ်နေရေးကိုပါ ဆက်လက်ထိခိုက်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် အလုပ်မလုပ်ဘဲ အိမ်ထဲတွင်ထိုင်နေကြသူများတွင်လည်း တာဝန်ရှိကြောင်း သမ္မတ Bolsonaro ၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

              ထို့အပြင် ဒီဇယ်ဆီဈေးနှုန်းနှင့် မီးဖိုချောင်သုံးဓါတ်ငွေ့တို့၏ ဈေးနည်းများအား လျှော့နည်းကျဆင်းအောင် ပြည်ထောင်စုအစိုးရမှ အခွန်များလျှော့ချဆောင်ရွက်ပေးခဲ့သော် လည်း ပြည်နယ် ၁၉ ခုမှ အစိုးရများ၏ မူဝါဒများကြောင့် ဈေးနှုန်းများဆက်လက်မြင့်တက်လျက် ရှိနေကြောင်း၊ စက်သုံးလောင်စာဆီဈေးနှင့် ကုန်သွယ်လုပ်ငန်းခွန်များ မြင့်မားနေမှုအပေါ်တွင် သမ္မတက ထောက်ပြပြောဆိုခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

              သမ္မတ၏သတင်းထုတ်ပြန်ချက်များသည် မြေပြင်တွင် ထိရောက်မှုမရှိကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ပြည်တွင်းတွင်ဝယ်ယူစားသုံးနေရသည့် ဆန်ဈေးနှုန်းများသည် အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ချိတ်ဆက် လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက် သည်နှင့်အမျှ ပို့ကုန်လုပ်ငန်းရှင်များ အကျိုးအမြတ်ပိုမိုရရှိသည့်အတွက် ပြည်ပသို့တိုးမြှင့်တင်ပို့ လျက်ရှိကြောင်း၊ အမဲသားများသည်လည်း ပြည်ပဝယ်လိုအားများပြားနေသဖြင့် ကူးဆက်ရောဂါ ဖြစ်ပွားမှုမတိုင်မီအချိန်ကထက် ပြည်တွင်းဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သတင်းတွင် ‌ဖော်ပြထားသည်။

              ၂၀၂၀ ပြည့်နှစ်တွင် ဈေးနှုန်းမြင့်တက်ခဲ့သည့် စားသောက်ကုန်ပစ္စည်းများမှာ နှံစား သီးနှံများ၊ ပဲအမျိုးမျိုးနှင့်ဆီထွက်သီးနှံများ၊ စားသုံးဆီအမျိုးမျိုး၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်း ရွက်များနှင့် အသားငါးများဖြစ်ကြောင်း IBGE ၏ ထုတ်ပြန်ကြေညာချက်အား သတင်းတွင် ဖော်ပြထားသည်။

              ၁၂ လတာကာလအတွင်း အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုူသည် ယခင်နှစ် ကာလတူကထက် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိသဖြင့် သွင်းကုန်ပစ္စည်းဈေးနှုန်းများ ပိုမိုမြင့်တက်လျက်ရှိကြောင်း၊ အစိုးရရေနံကုမ္ပဏီဖြစ်သည့် Petrobras ၏ လုပ်ငန်းများ‌ လည်ပတ်မှုတွင် သမ္မတ၏ဝင်ရောက်စွက်ဖက်မှုသည် အမေရိကန်ဒေါ်လာတန်ဖိုးကို ပိုမိုမြင့် တက်စေခဲ့သဖြင့် ပြည်တွင်းငွေဖောင်ပွမှုကို ဆိုးရွားစွာဖြစ်ပေါ်စေခဲ့ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

              လောင်စာဆီဈေးနှုန်းမြင့်တက်မှု၏ အကျိုးဆက်အနေဖြင့် နိုင်ငံတကာလောင်စာဆီ ဈေးနှုန်းများနှင့်ညီညွတ်စေရန် လောင်စာစွမ်းအင်ကုမ္ပဏီ Petrobras က ညှိနှိုင်းပြင်ဆင် ခဲ့ကြောင်း၊ အခွန်ကောက်ခံမှုတွင်လည်း လောင်စာဒီဇယ်ဆီနှင့် မီးဖိုးချောင်သုံးဓာတ်ငွေ့ တို့အပေါ်တွင် ပြည်ထောင်စု၏အခွန်ကောက်ခံမှုအား သမ္မတက ယာယီဆိုင်းငံပေးခဲ့ကြောင်း၊ သို့ရာတွင် ဘရာဇီးလျားအပါအဝင် ပြည်နယ်အစိုးရ ၁၉ ခုတို့၏ ကုန်သွယ်ခွန်နှင့် ဝန်ဆောင်မှု အပေါ်တွင်ကောက်ခံသည့် အခွန်များအား မြှင့်တက်ခဲ့သည့်အတွက် လက်တွေ့တွင် ဈေးနှုန်းများ ကျဆင်းခြင်း မရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Bolsonaro blames the pandemic for the rise in food prices, correiobraziliense.com.br