Main menu

Background

၂၀၂၁ ခုနှစ်၊ မတ်လဆန်း (၁၀) ရက်အတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်ရေးအခြေအနေ

Mon, 03/22/2021 - 13:04 -- journal_editor

              Korea Customs Service ၏ (၁၅-၁-၂၀၂၁) ရက်နေ့တွင် ထုတ်ပြန်သော ယာယီ ကုန်သွယ်မှု စာရင်းများအရ ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ(၁၀)ရက်နေ့အထိ လဆန်း (၁၀)ရက်တာအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ဒသမ၂၉၉ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၇ဒသမ၄၂၀ ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၃၃ဒသမ၇၁၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ကုန်သွယ်မှု လိုငွေ ၁ဒသမ၁၂၁ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူထက် ပို့ကုန်တွင် ၂၅ဒသမ၂ရာခိုင် နှုန်း၊ သွင်းကုန်တွင် ၃၁ဒသမ၄ ရာခိုင်နှုန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်န ဝါရီလ (၁) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့အထိ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၀၉ဒသမ၁၂၃ ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၀၃ဒသမ၈၆၇ ဘီလီယံ၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ ၂၁၂ဒသမ၉၉ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၅ဒသမ၂၅၆ ဘီလီယံ ဖြစ်ပါ သည်။

          ယခုကဲ့သို့ ၂၀၂၁ ခုနှစ်၊ မတ်လ လဆန်း (၁၀)ရက်တာအတွင်း ကိုရီးယားသမ္မတနိုင်ငံ၏ ကုန်သွယ်မှုတိုးတက်ခဲ့ခြင်းမှာ အဓိကအားဖြင့် Semiconductor များသည် ယခင်နှစ်ကာလတူထက် ၂၅ဒသမ၂ ရာခိုင်နှုန်း ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ အဓိကတင်ပို့ရာဒေသများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ၃၃ဒသမ၉ ရာခိုင်နှုန်းနှင့် အမေရိကန်ပြည်ထောင်စုသို့ ၂၁ဒသမ၉ ရာခိုင်နှုန်း အသီးသီး ပိုမိုတင်ပို့နိုင်ခဲ့၍ဖြစ်ပါ သည်။

Source: Korea Customs Service၊ Ministry of Trade, industry and energy

(ဝင်းပပသူ၊စီးပွားရေးသံမှူး)