Main menu

Background

တောင်ကိုရီးယား၌ နိုင်ငံတကာခရီးစဉ်များအားနည်းနေသေးသော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် များ ပြန်လည်အားကောင်းလာခဲ့

Mon, 03/22/2021 - 13:18 -- journal_editor

           တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ ပြန်လည်တိုးတက်လာခြင်း မရှိသေးသော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် ဝယ်လိုအားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက COVID-19 ကူးစက်ပျံ့နှံ့မှုကာလမတိုင်မီအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း မြေယာ၊ အခြေခံ အဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက(၁၄-၃-၂၀၂၁)ရက်နေ့တွင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။

                    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ပြည်တွင်းလေကြောင်းလိုင်းများမှ ပြည်တွင်း ခရီးစဉ် များကို အသုံးပြုခဲ့သည့်ခရီးသည်အရေအတွက်မှာ ၂ဒသမ၃၁ သန်းခန့်ရှိခဲ့သည့်အတွက် COVID-19 မဖြစ်ခင် ကာလ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၏ ပြည်တွင်းခရီးသွားအရေအတွက် ၂ဒသမ၄၉သန်း နီးပါးပင်ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး COVID-19 လူနာကိုတွေ့ရှိခဲ့ခြင်းဖြစ်ရာ၊ ယခင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရှိခဲ့သည့် ပြည်တွင်းခရီးသွား အရေအတွက်သည် ၁ဒသမ၅၃သန်းနှင့် နှိုင်းယှဉ်လျှင်  ယခုနှစ်တွင်  (၃၅) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ် ပါသည်။

          ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြည်တွင်းခရီးသည်အရေအတွက် တိုးတက်လာခြင်းသည်  ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အတွင်း နှစ်သစ်ကူးအားလပ်ရက်ရှိခြင်းအပြင် COVID-19 ရောဂါ ကူးစက်မှုနှုန်းကျဆင်းလာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ မတ်လ (၁) ရက်မှ(၁၂)ရက်အထိတွင် ပြည်တွင်းခရီးစဉ်၁ဒသမ၇၄သန်းရှိနှင့်ပြီးဖြစ်ရာ ယခုမတ်လအတွက် ပြည်တွင်းခရီးသည်အရေအတွက်သည် ၂ဒသမ၅ သန်းအထိရောက်ရှိနိုင်ကြောင်း သက်ဆိုင်ရာအရာရှိများက ပြောကြားခဲ့ပါသည်။ သို့ရာတွင် နိုင်ငံ တကာလေကြောင်းခရီးစဉ်များအတွက် ဝယ်လိုအားတိုးတက်ရန်လက္ခဏာများကိုမူ မတွေ့ရသေးဘဲ တန်ဖိုးနည်းလေကြောင်းလိုင်းများ (Low-cost Carriers - LCCs) ရပ်တည်နိုင်ရေးအတွက် အခက်အခဲများ ဆက်လက်ဖြစ်ပွားနေဦးမည်ဖြစ်ပါသည်။

Source: Ministry of Land, Infrastructure and Transport of Korea၊ Yonhap၊The Korea Times (15-3-2021)

(ဝင်းပပသူ၊စီးပွားရေးသံမှူး)