Main menu

Background

ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP)အဖွဲ့ဝင်နိုင်ငံများမှ အမြန်ဆုံးအတည်ပြုနိုင်ရေး ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့

Mon, 03/22/2021 - 13:34 -- journal_editor

         ဒေသတွင်းဘက်စုံစီးပွားရေးသဘောတူညီချက် (RCEP)သဘောတူစာချုပ်အား အာဆီယံ အဖွဲ့ဝင်နိုင်ငံပေါင်း (၆) နိုင်ငံနှင့် အာဆီယံအဖွဲ့ ဝင်မဟုတ်သည့်စာချုပ်အဖွဲ့ဝင်နိုင်ငံ(၃)နိုင်ငံမှ အတည်ပြု ပြီးမှသာ စတင်အသက်ဝင် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စာချုပ်အတည်ပြုနိုင်ရေးလုပ်ငန်းစဉ်များအား တတ်နိုင်သမျှဆောလျင်စွာ ပြီးစီးနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်မှုစာချုပ် RCEP သည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်အတွက် အောင်မြင်မှု တစ်ရပ်ဖြစ်ပြီး စာချုပ်အသက်ဝင်နိုင်ရေးသတ်မှတ်ချက်အား ပြည့်မီရန်မျှော်မှန်းထားကြောင်း၊ စာချုပ်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် သဘောတူစာချုပ်အား ဆောလျင်စွာ အတည်ပြုနိုင်မှသာ စာချုပ်၏ အကျိုးကျေးဇူးများ အမြန်ဆုံးရရှိခံစားနိုင်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Wang Wentao မှ ထည့်သွင်းပြောကြားခဲ့ပါသည်။

  တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)သည် နိုင်ငံတော်ကောင်စီ၏ အခြားသက်ဆိုင်ရာဌာနများနှင့်အတူပူးပေါင်း၍ နည်းပညာပိုင်းအကြိုပြင်ဆင်မှုလုပ်ငန်းစဉ်များဖြစ်သည့် အကောက်ခွန် လျှော့ချမှုအစီအစဉ်ဇယား၊ ကုန်ပစ္စည်းများ၏ ပင်ရင်းသက်သေခံသည့် လက်မှတ် များထုတ်ပေးခြင်းစသည့်ကိစ္စရပ်များအား စီမံဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ အလားတူပင် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM)မှ ကြီးမှူး၍ RCEP အပါအဝင်လွတ်လပ်သော ကုန်သွယ်မှု ဒေသများနှင့်ပတ်သက်၍ လုပ်ငန်းရှင်များ သိရှိနားလည်အသုံးချနိုင်ရန် ရည်ရွယ်၍ လုပ်ငန်းရှင်များ awareness ရရှိရေး သင်တန်းပို့ချသည့်အစီအစဉ်(ပထမအသုတ်)အား နိုင်ငံ တစ်ဝှမ်းဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်း သား(၆,၀၀၀)ကျော် ပါဝင်တက်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ ဒုတိယအသုတ် သင်တန်းများ အား ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသား (၄၀,၀၀၀) ကျော် အား ဆက်လက်ပို့ချရန်ရည်ရွယ်ထားကြောင်း သိရှိရပါသည်။

Source: http://www.chinadaily.com.cn/a/202103/12/WS604a9c1ba31024ad0baaea0c1.html ,

(ရွှေစင်ဦး၊စီးပွားရေးသံမှူး)