Main menu

Background

ထိုင်းပြည်တွင်းဝယ်လိုအားကျဆင်းနေခြင်း

Tue, 03/23/2021 - 10:08 -- journal_editor

       ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှင့်အစိုးရ၏စီးပွားရေးအပေါ်လှုံ့ဆော်သည့်အစီအစဉ်များဆက်လက်လုပ်ဆောင်မှုကြောင့် GDPတိုးတက်မှုရရှိသော်လည်း ပြည်တွင်းဝယ်လိုအားမှာပြန်လည်နာလန်ထူလာရန် နှေးကွေးလျက်ရှိ နေလိမ့် မည်ဖြစ်ကြောင်း၊အကြောင်းမှာ နိုင်ငံခြားဧည့်သည်များဝင်ရောက်မှုဝင်ငွေကျဆင်းခြင်းနှင့်လုပ်ငန်းများပျက်စီးခြင်းတို့ကြောင့်ဖြစ်ကြောင်းစီးပွားရေးအတွေးအမြင်အဖွဲ့(Economic Think Tank)ကပြောကြားလိုက်ကြောင်း သိရှိရ သည်။

          ကမ္ဘာ့ စီးပွားရေးတိုးတက်မှုကြောင့် ပြည်ပပို့ကုန် တင်ပို့မှုပြန်လည်နာလန်ထူရန် မျှော်မှန်းထား သည့် အတိုင်း ထိုင်းစီးပွားရေးသည် ယခုနှစ်အတွက် ထိုင်းစီးပွားရေးတိုးတက်မှု ခန့်မှန်းချက်အနေဖြင့် ၂ဒသမ၆ရာခိုင်နှုန်း ရှိမည် ဖြစ်ကြောင်း၊ ယခင်ကခန့်မှန်းချက်ဖြစ်သော ၂ဒသမ၂ရာခိုင်နှုန်းထက် မြင့်တက်လာခြင်းဖြစ်ကြောင်း၊Siam Commercial Bank ၏ Economic Intelligence Center(EIC) မဟာဗျူဟာယူနစ်မှ ပြောကြားကြောင်းသိရှိရပါသည်။

          အထူးသဖြင့်အမေရိကန်နိုင်ငံတွင်ကာကွယ်ဆေးထိုးမှုတိုးတက်မှုနှင့်စီးပွားရေးအပေါ်အားပေးလှုံ့ဆော်သည့်အစီအမံများအပေါ် အခြေခံ၍ ကမ္ဘာလုံးဆိုင်ရာတိုးတက်မှု၏ အထောက်အပံ့ကြောင့် ပို့ကုန် တင်ပို့မှုပြန်လည် နာလန်ထူလာမှုမှာဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်းEIC ၏ အမှုဆောင်ဒုဉက္ကဌ Yungyong Thaicharoen ကပြောကြားခဲ့ကြောင်းသိရှိရသည်။

          EICအနေဖြင့် ယခုနှစ်အတွက်ပြည်ပတင်ပို့မှုအနေဖြင့် ၆ဒသမ၄ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၎င်းမှာ ယခင်ကခန့်မှန်းခဲ့သော၄ရာခိုင်နှုန်း ထက်မြင့်တက်လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။ အပြည်ပြည်ဆိုင်ရာ ခရီးသွား ဧည့်သည်များလက်ခံရရှိမှုနှင့် အကျပ်အတည်းမှနေ၍ ဆိုးကျိုးများသက်ရောက်မှုကြောင့်SMEs လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ ဝင်ငွေနှင့်လက်ကျန်စာရင်းများအပေါ် ဆိုးကျိုးများ သက်ရောက် နိုင်ခြင်းကြောင့် ပြည်တွင်း ဝယ်လို အား ပြန်လည် နာလန် ထူလာမှုမှာ နှေးကွေးလိမ့်မည်ဖြစ်ကြောင်းသိရှိရပါသည်။

          ခရီးသွားလုပ်ငန်းပြန်လည်နာလန်ထူမှုမှာဆက်လက်နှေးကွေးနေဉီးမည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် ခရီးသွားဝင်ရောက်မှုကို ၂၃ဒသမ၇ သန်းဖြင့်ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်များအနေဖြင့် သိသိသာသာပြန်လည်နာလန်ထူလာမှုမှာ နိုင်ငံများအနေဖြင့်ကာကွယ်ဆေးထိုးမှုနှင့် ကာကွယ်ဆေးထိုးခံပြီးသည့်ကမ္ဘာလှည့်ခရီးသွားများအား လွတ်လပ်စွာသွားလာ ခွင့်ပြုမှသာဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

          ပြည်တွင်းခရီးသွားလုပ်ငန်း သိသိသာသာပြန်လည်   နာလန်ထူလာမှုမှာ နောက်ဆုံး(၃)လပတ်တွင်ဖြစ်နိုင်လိမ့်မည်ဟုခန့်မှန်းရကြောင်း၊အဓိက ခရီးသွားအုပ်စုများဖြစ်သော ကာကွယ်ဆေး ထိုးခွင့်ရရှိပြီးသူများဖြစ်သည့် အာရှနိုင်ငံများဖြစ်ကြောင်းသိရှိရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံအများစုမှာ ဒုတိယနှင့်တတိယသုံးလပတ်တွင်ကာကွယ်ဆေးထိုးနိုင်လိမ့်မည်ဟုမျှော်လင့်ရသော်လည်း ၎င်းတို့ မှာထိုင်းနိုင်ငံ၏ အဓိကခရီးသွားအုပ်စုများ မဟုတ်ကြောင်း သိရှိရသည်။ EIC ၏အဆိုအရ ပထမလှိုင်းဖြစ်ပွားမှုနှင့်နှိုင်းယှဉ်ပါကသက်ရောက်မှုအနည်းငယ်သာရှိသော်လည်းဒုတိယလှိုင်းဖြစ်ပွားမှုမှာ ပြည်တွင်းဝယ်လိုအားကိုနှေးကွေးပျက်စီးစေကြောင်း သိရှိရသည်။

          ထိခိုက်ပျက်စီးမှုများတွင် စီးပွားရေးလုပ်ငန်းသစ်များဖွင့်လှစ်မှုကျဆင်းခြင်း၊ ဝန်ဆောင်မှု လုပ်ငန်းများတွင် ငွေဖြစ်လွယ်မှုနှင့်ဆက်စပ်သောဖြစ်စဉ်များကိုဆိုးဝါးစွာဖြစ်ပေါ်စေခြင်း၊ ၎င်းတို့က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ထိခိုက်လွယ်သော အခြေ အနေများကိုဖြစ်ပေါ်စေကြောင်းMr.Yangyongကပြောကြားခဲ့ပါသည်။အစိုးရအသုံးစရိတ်အနေဖြင့် ၂၀၂၁ခုနှစ် ဘဏ္ဍာရေးဘတ်ဂျက်နှင့် ဘတ်ငွေ(၁)ဘီလီယံ အရေးပေါ် ချေးငွေအမိန့်တို့က ထိုင်း စီးပွားရေးပြန်လည်နာလန်ထူလာမှုအပေါ် ဆက်လက်အထောက်အကူဖြစ်စေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

          EIC အနေဖြင့် ဆောက်လုပ်ရေးစီမံကိန်းနှင့် အကြီးစားအခြေခံ အဆောက်အဉီ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု များအနေဖြင့် ၂၀၂၁ခုနှစ်တွင် နှစ် အလိုက်၌၉ဒသမ၄ရာခိုင်နှုန်းတိုးတက်မည်ဟု မျှော်လင့် ထားကြောင်းသိရှိရပါသည်။ ကြီးမားသောထုတ်လုပ်မှု ဆုံးရှုံးမှုနှင့်အတူပြန်လည်နာလန်ထူလာမှုမှာနှေးကွေးလိမ့်မည်ဖြစ်ကြောင်း၊၎င်းကခရီးသွားလုပ် ငန်းပြန်လည်နာလန်ထူလာမှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင် လိမ့်မည်ဖြစ် ကြောင်း Mr. Yungyong က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Bangkok post

                                                                                                    

(လွင်မျိုးဇော်၊ စီးပွားရေးသံမှူး)

မြန်မာသံရုံး၊ဗန်ကောက်မြို့