Main menu

Background

ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံနှင့် ပေပုပင်လယ်ကွေ့ ဆိပ်ကမ်းတို့အား တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ဆက်လက်ပြသသွားမည်ဖြစ်

Wed, 03/24/2021 - 13:33 -- journal_editor

(၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၌ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်းလမ်းစင်္ကြံအသစ်နှင့် ပေပုပင်လယ်ကွေ့အပြည်ပြည် ဆိုင်ရာ  ဆိပ်ကမ်းတို့အား အလေးထားသည့်ပြခန်းအား ဆက်လက်ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်း တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပရေး အတွင်းရေးမှူးရုံးက မတ်လ (၉)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲအား တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ အကြား ဆက်သွယ်မှုကိုမြှင့်တင်ရေးအတွက် လုပ်ငန်းယန္တရားနှင့်ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းများအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။  ကုန်းလမ်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံတည်ဆောက်ရေးအတွက်  အရေးပါသည့်ပူးပေါင်းဆောင်ရွက်မှုနှင့် ဖလှယ်ပေးသည့်ပေါင်းကူးနေရာကို ပံ့ပိုးပေးခြင်းဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းမှ ပြည်နယ်များနှင့် မြို့တော်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တင်ရန် လှုပ်ရှားမှုများကို တရုတ်-အာဆီယံကုန်စည်ပြပွဲက ဆောင်ရွက်ပေးခဲ့ ပါသည်။

ပေပုပင်လယ်ကွေ့ဆိပ်ကမ်းမှာ ရှန်ဟိုင်းဆိပ်ကမ်း၊ ရှန်းကျန့် ဆိပ်ကမ်းနှင့် ကွမ်ကျိုးဆိပ်ကမ်းတို့အပါအဝင် အခြားဆိပ်ကမ်း (၁၀)နေရာနှင့်အတူ တရုတ်နိုင်ငံ၏ ဘက်စုံသုံးဉီးသုံးဖလှယ်သယ်ယူပို့ဆောင်ရေးစီမံကိန်း၌စာရင်းပါရှိသည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအချက်အချာတစ်ရပ်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၂-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နန်နင်းမြို့