Main menu

Background

အာဆီယံနှင့် ကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဇောက်ချဆောင်ရွက်သွားမည့် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Wed, 03/24/2021 - 13:34 -- journal_editor

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အာဆီယံနိုင်ငံများနှင့် ကျန်းမာ ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဆင့်မြင့်နေရာသစ်တစ်ရပ်ဖြစ်လာစေရန် အားထုတ် ကြိုးပမ်းမှုများပြုလုပ်ဆောင်ရွက်နေကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျန်းမာရေး ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူများက မတ်လ (၁၂)ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပါ သည်။

ကွမ်ရှီးဒေသအနေဖြင့် “ကျန်းမာရေးပိုးလမ်းမ”တည်ဆောက်ရေးအား ဇောက်ချဆောင်ရွက်သွားမည်ဖြစ်ကာ၊ လန်ချန်း-မဲခေါင်ဒေသအတွင်း၌ ကူးစက်တတ် သည့်ရောဂါများအတွက်  နယ်စပ်ဖြတ်ကျော် ရောဂါပူးပေါင်းကာကွယ်ရေးနှင့် ထိန်းချုပ် ရေးစီမံကိန်း အကောင်အထည်ဖော်မှုအား ရှေ့ဆက်ဆောင်ရွက်သွားရန် တွန်းအားပေး သွားမည် ဖြစ်ပါသည်။  ထို့ပြင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ဒေသများ သို့ thalassemiaရောဂါကာကွယ်ရေးနှင့် ကုသရေး၌ ကွမ်ရှီး၏ အတွေ့အကြုံများအား  မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(၁၃)ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၁၆-၂၀၂၀)အတွင်း ကွမ်ရှီးဒေသက  အပြည်ပြည်ဆိုင်ရာဆေးဝါးတီထွင်ဆန်းသစ်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (တရုတ်-ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း)နှင့် တရုတ်-အာဆီယံ ကျန်းမာရေး ပူးပေါင်း ဆောင်ရွက်မှုဖိုရမ် ကဲ့သို့သော အခမ်းအနားကြီးများကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

တိမ်စွဲခြင်းကြောင့် မျက်လုံးအမြင်အာရုံဆုံးရှုံးမှုအား လျှော့ချရေးလှုပ်ရှားမှု ကိုလည်း ကွမ်ရှီးနှင့် ကမ္ဘောဒီးယားတို့၌ စတင်ခဲ့ကာ ရလဒ်ကောင်းများ ရရှိခဲ့ပါသည်။

ကွမ်ရှီးမှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် (၇)ဉီးပါဝင်သောအဖွဲ့အား (၂၀၂၀)ပြည့်နှစ် ၊ မတ်လအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ စေလွှတ်ခဲ့ကာ ကိုရိုနာကပ်ရောဂါ တိုက်ဖျက်ရာတွင် ပါဝင်အထောက်အကူပြုစေခဲ့ပြီး၊ ထိုကဲ့သို့စေလွှတ်ခဲ့မှုက တရုတ်နိုင်ငံမှ အာဆီယံသို့ ပထမဆုံးစေလွှတ်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

လာမည့်နှစ်အနည်းငယ်အတွင်း အာဖရိကတိုက်ရှိ နီဂျာနှင့် ကိုမိုရော့စ်နိုင်ငံ များသို့ ကွမ်ရှီးမှ ဆေးဝါးကျွမ်းကျင်သူအဖွဲ့များအား ဆက်လက်စေလွှတ်သွားရန်ရှိကြောင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြောရေးဆိုခွင့်ရှိသူများက ထုတ်ဖော်ပြောကြားထားပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၇-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နန်နင်းမြို့