Main menu

Background

အာဆီယံနှင့် ဒစ်ဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုရှေ့တန်းရောက်လာသည့် ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

Wed, 03/24/2021 - 13:35 -- journal_editor

တရုတ်-အာဆီယံ သတင်းအချက်အလက် လက်ခံသည့်နေရာ(China-ASEAN Information Harbor) တည်ဆောက်ရေးမြှင့်တင်ရန်နှင့် အာဆီယံသို့ ရှုမျှော်သည့် ဒစ်ဂျစ် တယ်ပိုးလမ်းမတည်ထောင်ရန်တို့အားကူညီပေးရန် ရည်ရွယ်ချက်ဖြင့် ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့တွင် Guangxi 5G Industrial Associationအား  မတ်လ (၈)ရက်နေ့တွင် စတင်တည်ထောင်လိုက်ပြီဖြစ်ပါသည်။

၎င်းအဖွဲ့အစည်းမှာ 5G လုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်သွယ် မှုများ ရှေ့ဆက်ပြုလုပ်ရန် တွန်းအားပေးမှုအရ ကျဲ့ကျန်းနှင့် စီချွမ်းပြည်နယ်များရှိ 5G လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ၏ မိတ်ဖက်ပြုမှုဖြင့် ရှေ့သို့ဆက်လက်ချီတက်နိုင်လာခြင်း ဖြစ်ပါသည်။

ဤအဖွဲ့အစည်းအနေဖြင့် 5Gလုပ်ငန်းဆိုင်ရာကွင်းဆက်တွင် ဆက်စပ်ပါဝင် နေသည့်အဖွဲ့များအတွက် ဆက်သွယ်ရေးယန္တရားများ ထူထောင်သွားမည်ဖြစ်ကာ၊  ကမ္ဘာ တစ်ဝှမ်း 5G ပစ္စည်းများ အသုံးပြုလာရေးတိုးမြှင့်ရန် အခြေခံရင်းမြစ်များအား ပေါင်းစည်း ဖွံ့ဖြိုးထုတ်လုပ်မှုကို မြှင့်တင်ဆောင်ရွက်သွားမည်ဟုသိရပါသည်။

ကွမ်ရှီးဒေသတွင် အာဆီယံနှင့်ဆက်စပ်သည့် သတင်းအချက်အလက် အခြေခံအဆောက်အအုံ တည်ဆောက်ရေးမြှင့်တင်ရန်နှင့် ဒေသအား ကမ္ဘာလုံးဆိုင်ရာ 5Gသတင်းအချက်အလက် ဗဟိုဌာနအသွင် တည်ဆောက်သွားရန်  5Gလုပ်ငန်းဆိုင်ရာ ဖွံဖြိုး မှုအား အရှိန်မြှင့်တင်သွားရေးအတွက် ကွမ်ရှီး၏ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လုပ်ငန်းအစီ အမံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကဲ့သို့သော ထုတ်ပြန်ချက်များအား မကြာသေးမီနှစ်များ အတွင်းက ထုတ်ပြန်ထားပါသည်။

ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုplatformများဖြစ်သည့် China-ASEAN Artificial Intelligence Innovation Centerနှင့် Beibu Gulf Big Data Trading Center  ကဲ့သို့သော တည်ဆောက်မှုများတွင် တက်ကြွစွာပါဝင်လှုပ်ရှားလျက်ရှိကာ  တရုတ်နှင့် အာဆီယံ တို့အကြား ဒစ်ဂျစ်တယ်လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာစွာ ပံ့ပိုးကူညီမှုများ ပေးလျက်ရှိပါသည်။

ယမန်နှစ်က ကွမ်ရှီးဒစ်ဂျစ်တယ်စီးပွားရေး၏ စုစုပေါင်းထုတ်လုပ်မှုမှာ ယွမ်ငွေ (၇၂၆.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁၁.၇ဘီလီယံ)ခန့်ရှိခဲ့ပြီး၊ ဒေသအတွင်း၌ ဒစ်ဂျစ်တယ် စီးပွားရေးဈေးကွက်ပေါင်း (၁၃,၀၀၀)ကျော် စုဝေးနေကာ၊ 5Gအခြေပြု နေရာပေါင်း (၃၁,၀၀၀)ခန့်ရှိကြောင်း သိရပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၁၁-၃-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နန်နင်းမြို့