Main menu

Background

အိန္ဒိယနိုင်ငံ၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံနှင့် ပဲတီစိမ်း တင်သွင်းခွင့်ပမာဏ သတ်မှတ်ချက်ထုတ်ပြန်

Wed, 03/24/2021 - 13:36 -- journal_editor

အိန္ဒိယနိုင်ငံ၌ ၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ (Pigeon Pea, HS Code 0713 60 00) အား တန်ချိန် ၄ သိန်းနှင့် ပဲတီစိမ်း  [Moong (Beans of the SPP Vigna Radiata (L) Wilczek) HS Code 0713 31 90)] ကို တန်ချိန် ၁ဒသမ၅ သိန်းအထိ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အသီးသီးတင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း၊ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (DGFT) က သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထားရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပဲခွဲစက်များ၊ ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများနှင့် ကုန်သည်များထံသို့ ခွဲတမ်းချထားပေး မည်ဖြစ်ကြောင်းနှင့် အဆိုပါ ပဲတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက်သည် နှစ်နိုင်ငံအစိုးရအချင်းချင်းကြား ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာများ၊ သဘောတူစာချုပ်များနှင့် သက်ဆိုင်မှုမရှိကြောင်းကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက ၁၉-၃-၂၀၂၁ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် S.O.1266(E) ဖြင့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Source:         Notification No. S.O.1266(E) dated 19th March 2021 of Department of Commerce of India

နေအေးလွင်၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ နယူးဒေလီမြို့