Main menu

Background

ဂျပန်ဝန်ကြီးချုပ်ကတစ်နိုင်ငံလုံးတွင်အနိမ့်ဆုံးလုပ်အားခကိုတစ်နာရီပျမ်းမျှယန်း၁၀၀၀ရရှိစေရန်ရည်မှန်းထားကြောင်းပြောကြားခဲ့

Thu, 03/25/2021 - 13:10 -- journal_editor

ဝန်ကြီးချုပ် Mr. YoshihideSuga သည် မတ်လ ၂၂ ရက်၌ ကျင်းပခဲ့သည့် စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာအစည်းအဝေး၌ တစ်နိုင်ငံလုံးတွင် အနိမ့်ဆုံးလုပ်အားခ တိုးမြှင့်ရေး ဆောင်ရွက်ရန်၊အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်ရန်၊ ပုံမှန် လုပ်သားမဟုတ်သော လုပ်သားများအကျိုးအတွက် ပြန်လည်ကုစားပေးနိုင်ရန်ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စရပ်များအား ဖြေရှင်းပေးနိုင်ရန်ရည်ရွယ်၍ အနိမ့်ဆုံးလုပ်အားခကို တစ်နိုင်ငံလုံး အနေဖြင့် တစ်နာရီလျှင် ပျမ်းမျှယန်း ၁၀၀၀ ရရှိစေရေး အလျင်အမြန်အကောင်အထည်ဖော်ရန် ရည်မှန်းထားကြောင်း အလေးပေးပြောကြားခဲ့သည်။

 ၂၀၂၁ ခုနှစ်၊ နွေရာသီတွင်ဆောင်ရွက်မည့် မူဝါဒရေးဆွဲရေးဆွဲမည့် အစီအစဉ်တွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပါသည်။ ကိုရိုနာကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် အကျပ် အတည်းရင်ဆိုင်နေရသည့် ဂျပန် တစ်နိုင်ငံလုံးကိုပြန်လည်ရှင်သန်စေရန်နှင့်ကုမ္ပဏီလုပ်ငန်းကြီးများ၏လူသားအရင်းအမြစ်များကိုဒေသန္တရစီရင်စုများရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသို့ဖြန့်ကျက်စေလွှတ်နိုင်ရန်အတွက်အစိုးရ၏ရန်ပုံငွေများမှ တစ်ဆင့်ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့်ကုမ္ပဏီများတို့မှလူဉီးရေတစ်သောင်းခန့်ကိုအမြန်ဆုံးစာရင်းပြုစုသွားမည်ဟုဆိုပါသည်။လူသားအရင်းအမြစ်များကိုဒေသန္တရအစိုးများထံပေးပို့ခြင်းနှင့်ဒေသခံစီးပွားရေးလုပ်ငန်းများကိုထောက်ပံ့ ပေးခြင်းစသည့် စနစ်များကိုလည်းစတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း Mr.Suga က ပြောကြားခဲ့သည်။

ရင်းမြစ်။            TBS News

နန္ဒာဝင်း၊ စီးပွားရေးသံမှူး

မြန်မာသံရုံး၊ တိုကျိုမြို့