Main menu

Background

ဘရာဇီးလ်နိုင်ငံ၏ နောက်ကျနေသည့်ပဲပုတ်စေ့ရိတ်သိမ်းမှု ၆၇ ရာခိုင်နှုန်းခန့် ပြီးစီး

Thu, 04/01/2021 - 11:35 -- journal_editor

              ကမ္ဘာ့ပဲပုတ်စေ့ဈေးကွက်သို့ အများဆုံးတင်ပို့နေသည့် ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၆၆.၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုနှစ်ပဲပုတ်သီးနှံ ရိတ်သိမ်းမှုသည် ယခင်နှစ် သီးနှံ ရိတ်သိမ်းချိန်ထက်နောက်ကျခဲ့ကြောင်း စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ယခင်အပတ်ကရိတ်သိမ်းမှုတွင် စုစုပေါင်းသီးနှံစိုက်ပျိုးဧရိယာ၏ ၅၉.၅ ရာခိုင်နှုန်း ပြီးစီးခဲ့ ကြောင်း၊ သီးနှံရိတ်သိမ်းမှုအားကာလတူနှင့်နှိုင်းယှဉ်ပါက ယခင်နှစ်က ၇၄ဒသမ၄ ရာခိုင်နှုန်းပြီးစီးခဲ့ကြောင်း၊ ရိတ်သိမ်းချိန်ကာလ တစ်ခုလုံး၏ ပျမ်းမျှရိတ်သိမ်းပြီးစီးရမည့် ၆၉ဒသမ၆ ရာခိုင်နှုန်း အောက်လျှော့နည်း လျက်ရှိနေကြောင်း အကြံပေးကုမ္ပဏီက ပြောကြားထားသည်။

              ပဲပုတ်အဓိကစိုက်ပျိုးသည့် Rio Grande do Sul ပြည်နယ်တွင် သီးနှံအတွက်လိုအပ် သောမိုးရေချိန်ရရှိခဲ့သဖြင့် ယခုနှစ်ဆီထွက်သီးနှံများရိတ်သိမ်းပြီးစီးပါက တန်ချိန် ၁ သန်းကျော် ပိုမို ထွက်ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်ပြီးစီးပါက ပဲပုတ်တန်ချိန် ၁၃၄ဒသမ၀၉ သန်း ထွက်ရှိရန်ခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅ဒသမ၄ ရာခိုင်နှုန်း ပိုမိုထွက်ရှိနိုင်ကြောင်း Safras ကုမ္ပဏီက ခန့်မှန်းထားသည်။

(ထွန်းအောင်ဇော်)

စီးပွာ‌ရေးသံမှူး

သတင်းရင်းမြစ် - noticiasagricolas.com.br