Main menu

Background

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ဥရောပနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် အွန်လိုင်း ရောင်းချရမှု (၃၅) ရာခိုင်နှုန်းဖြင့် စံချိန်တင် တိုးတက်ခဲ့ခြင်း

Mon, 04/05/2021 - 13:01 -- journal_editor

          ဥရောပရှိ အွန်လိုင်းအရောင်းဆိုင်များအား ကောက်ယူခဲ့သည့် သုတေသနစစ်တမ်းတစ်ရပ် အရ ၂၀၂၀ ပြည့်နှစ်တွင် ဥရောပ၌ နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချရမှု (cross-border online sales) မှ ဝင်ငွေ ယူရို (၁၄၆) ဘီလျံ ရရှိခဲ့ပြီး၊ နှစ်အလိုက်တိုးတက်မှုနှုန်း (၃၅) ရာခိုင်နှုန်းဖြင့် စံချိန်တင်ခဲ့ကြောင်း သိရသည်။

        Cross-Border Commerce Europe ၏ နှစ်စဉ်သုတေသန တတိယအကြိမ်ထုတ်ဝေမှုအရ IKEA ကုမ္ပဏီသည် ဥရောပရှိ အွန်လိုင်းရောင်းချခြင်းမှ ဝင်ငွေရရှိမှုတွင် ထိပ်ဆုံးနေရာ၌ ဉီးဆောင် နေပါသည်။ ဥရောပတစ်ဝန်း၌ ကိုရိုနာ ဗိုင်းရပ်စ် ထိန်းချုပ်ရေး lockdown များချမှတ်ခဲ့ပြီး၊ non-essential stores များပိတ်ထားရသဖြင့် လက်လီအရောင်းဆိုင်များက အွန်လိုင်းရောင်းချမှုပုံစံသို့ ပြောင်းလဲဆောင်ရွက်လာခြင်းသည် နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချမှု၌ ဝင်ငွေတိုးတက် ခဲ့ခြင်း၏ အဓိကအကြောင်းရင်းတစ်ရပ်ဟု ဆိုသည်။

      အွန်လိုင်းနှင့် in-store နှစ်မျိုးစလုံး ရောင်းချသည့် လက်လီဆိုင်များ၏ အွန်လိုင်းကုန်သွယ်မှု သည် ပျမ်းမျှအားဖြင့် (၄၅) ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ဖက်ရှင်ဆိုင်များအနေဖြင့် ၂၀၂၀ ပြည့်နှစ် တွင် ဝင်ငွေ (၁၅) ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ၎င်းဆိုင်များ၏ အွန်လိုင်းမှရောင်းချရမှုတိုးတက်လာခဲ့ သော်လည်း ကာလရှည်ကြာစွာ ဆိုင်များပိတ်ထားရမှုကြောင့် ကျဆင်းခဲ့သည့်ဝင်ငွေကို မကာမိနိုင်ခဲ့ ကြောင်းသိရသည်။ အစားအသောက် လက်လီရောင်းချသည့် ဆိုင်များ (online and in-store) ၏ ဝင်ငွေသည် ၂၀၁၉ ခုနှစ်မှစတင်၍ (၁၀) ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ ဥရောပနိုင်ငံသားများ၏ (၆၇) ရာခိုင်နှုန်းက ဗြိတိန်ခွဲထွက်မှုကိစ္စရပ်နှင့် လက်ရှိကပ်ရောဂါ အကျပ်အတည်းများ ဖြစ်ပေါ်ပြီး နောက် Cross-border E-commerce ၏ အဆင်ပြေလွယ်ကူမှုကို ကြိဆိုကြကြောင်း အဆိုပါ စစ်တမ်းအရ သိရသည်။

ရင်းမြစ် -   (ဘရပ်ဆဲလ်တိုင်းမ်) 

(ကျော်စိန်ဝင်း၊စီးပွားရေးသံမှူး)