Main menu

Background

Virtual reality (VR) ပုံစံဖြင့် ဈေးဝယ်သည့်စနစ် ကို ဂျပန်မှ Isetan စျေးဝယ်စင်တာမှ အကောင်ထည်ဖော်ရန်ပြင်ဆင်နေ

Mon, 04/05/2021 - 13:10 -- journal_editor

           ဂျပန်နိုင်ငံရှိ Isetan စျေးဝယ်စင်တာသည် ကိုရိုနာကူးစက်ရောဂါပြန့်ပွားနေချိန်အတွင်း လူထူထပ်သည့်နေရာများသို့ မသွားလိုသည့် ပြည်သူများအတွက် virtual reality (VR) ပုံစံဖြင့် ဈေးဝယ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရပါသည်။

             အဆိုပါစျေးဝယ်စင်တာကို ဖွင့်လှစ်ဆောင်ရွက်နေသည့် Isetan Mitsukoshi Holdings ကုမ္ပဏီသည် Smartphone Application တစ်ခုကို အသုံးပြု၍ ထိုကဲ့သို့ ဝန်ဆောင်မှုပေးခြင်းကို မတ်လ ၂၄ ရက်နေ့တွင် စတင်ခဲ့ကြောင်း သိရပါသည်။ ဈေးဝယ်သူများသည်  VR ပုံစံဖြင့် တိုကျို မြို့၊ ရှင်ဂျုကုမြို့နယ်ရှိ အဆိုပါ Isetan စျေးဝယ်စင်တာအတွင်း ဝင်ရောက်ကြည့်ရှု နိုင်ပါကြောင်း၊  ကွန်ပျူတာစနစ်ဖြင့် ဖန်တီးထားသည့် အရောင်းဝန်ထမ်းများသည် တယ်လီဖုန်းဖန်သားပြင်ပေါ် ၌ပေါ်လာပြီး ဈေးဝယ်သူများအနေဖြင့် ကုန်တိုက်မှ ဆိုင်ဝန်ထမ်းတွေများနှင့် ဆက်သွယ်စကား ပြောဆိုနိုင်ပါကြောင်း၊ ဈေးဝယ်သူများသည် အလှကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းပေါင်း ၄၀၀ ခန့်ရှိသည့်အနက် မိမိနှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါသည်။

              Isetan Mitsukoshi Holdings က ၎င်းအနေဖြင့် အဓိက ရည်ရွယ်သည့် စျေးဝယ်သူများမှာ  VR ပုံစံဖြင့် ဈေးဝယ်မှုကို လွယ်လွယ်ကူကူကျင့်သားရလာနိုင်သည့် ဆယ်ကျော်သက်များနှင့် အသက်၂၀တန်း လူငယ်ဈေးဝယ်သူများ ဖြစ်ကြောင်း၊ ထို့အပြင် မြို့တော်တိုကျိုနှင့် ဝေးကွာသည့် နေရာဒေသများတွင် နေထိုင်ကြသဖြင့် ကုန်တိုက်သို့ လူကိုယ်တိုင် လာရောက်ရန် ခက်ခဲသည့် စျေးဝယ်သူများကိုလည်း ဆွဲဆောင်နိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါကုမ္ပဏီမှ ပြောကြား ခဲ့ပါသည်။

ရင်းမြစ်။ The NHK World News.

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)