Main menu

Background

ဂျပန်နိုင်ငံ၏ မတ်လအတွင်းက အလုပ်လက်မဲ့နှုန်းသည် ၂.၉ % တွင် မပြောင်းလဲဘဲဆက်ရှိနေ

Mon, 04/05/2021 - 13:15 -- journal_editor

            ဂျပန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလမှ နှုန်းထား အတိုင်း မပြောင်းလဲဘဲ ရှိနေကြောင်း၊ သို့သော် အလုပ်လက်မဲ့ဖြစ်နေသူ အရေအတွက် တိုးလာ သည်မှာ ၁၃ လ ဆက်တိုက်ရှိကြောင်း အစိုးရမှ ထုတ်ပြန်ချက်များအရ သိရပါသည်။

             ၂၀၂၁ ခုနှစ်၊ မတ်လအတွင်း အလုပ်လက်မဲ့နှုန်းသည် ၂ဒသမ၉ % ရှိခဲ့ပြီး ပြီးခဲ့သည့် ဖေဖော် ဝါရီလမှ နှုန်းထားနှင့် အလားတူဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြား ခဲ့ပါသည်။ အလုပ်လက်မဲ့ဦးရေသည် ၃၅၀,၀၀၀ ကနေ ၁ဒသမ၉၄ သန်းအထိ တိုးလာခဲ့ကြောင်း၊  ထိုသို့တိုးလာခြင်းမှာ တစ်နှစ်နှင့် တစ်နှစ် လုပ်ငန်းဆောင်ရွက်ချက် အပြောင်းအလဲကြောင့် ပုံစံ မတူသည့် အလုပ်လက်မဲ့နှုန်းတစ်ခု ရှိနေခြင်းကို အဆိုပါကိန်းဂဏန်းက ညွှန်ပြနေသည်ဟု သုံးသပ်ကြပါသည်။

            ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယအကြိမ် အရေးအပေါ်အခြေအနေ ချမှတ်လိုက်ခြင်းသည် အလုပ်သမားဈေးကွက်အပေါ် ဂယက်ရိုက်မှု အတိုင်းအတာတစ်ခုအထိသာ ရှိခဲ့ကြောင်းဟု  ပြည် ထဲရေးဝန်ကြီးဌာနက ယူဆကြောင်းနှင့် သို့သော်လက်ရှိအခြေအနေထက် တိုးတက်လာမည့် အခြေ အနေမရှိကြောင်း ပြောကြားခဲ့ပါသည်။ အလုပ်ခန့်ထားမှုများအပေါ် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါ၏ သက်ရောက်မှုများရှိပြီး အလုပ်အကိုင်ရရှိနိုင်မှုသည်လည်း ကျဆင်းလာခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်။ The Nikkei Business News.

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)