Main menu

Background

ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ပလတ်စတစ်ထုတ်လုပ်ရန် ဂျပန်ကုမ္ပဏီများ ပူးပေါင်း

Mon, 04/05/2021 - 13:17 -- journal_editor

                  ဂျပန်ကုမ္ပဏီများဖြစ်ကြသည့် Seiko Epson Corporation ၊ NEC ၊ Euglena Co.,Ltd. နှင့် Tokyo တက္ကသိုလ် တို့ပူးပေါင်း၍ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှု လျှော့ချရာတွင် အထောက် အပံ့ပြုနိုင်သည့် ပလတ် စတစ် အမျိုးအစားအသစ်တစ်မျိုးကို ထုတ်လုပ်ရန် ပူးပေါင်းဆောင်ရွက် နေကြကြောင်း သိရပါသည်။

                  အဆိုပါအဖွဲ့က "ဇီဝလောင်စာ" ဖြစ်သည့် အော်ဂဲလ်နစ်ပစ္စည်းများမှ ပလတ်စတစ် အများ အပြား ထုတ်လုပ်မည့် နည်းပညာကို တီထွင်ရန် ရည်ရွယ်ထားပြီး အဆိုပါထုတ်လုပ်မှုအတွက် အဓိကကျသည့် ပါဝင်ပစ္စည်းကို microalga euglena ဟူသည့် အလွန်သေးငယ်သော အော်ဂဲ နစ်ဆဲလ်များမှ ရရှိမည်ဖြစ်ပါသည်။

                    ထိုလုပ်ငန်းစဉ်အတွက် Seiko Epson Corporation ၊ NEC ၊ Euglena Co.,Ltd. နှင့် Tokyo တက္ကသိုလ်တို့အကြား အကျိုးတူလုပ်ငန်းစုတစ်ခုကို ယာယီတည်ထောင်ထားကြောင်းသိရပါသည်။ ဇီဝလောင်စာပလတ်စတစ်ကို Euglena အတွင်းမှာရှိသည့် paramylon အစုအဝေးကို အခြေခံပြီး ထုတ်လုပ်မည်ဖြစ်ကြောင်း သိရပါသည်။ photosynthesis ဟုခေါ်သည့်  အပင်များ၏ နေရောင် ခြည်အလင်းရောင်စွမ်းအားဖြင့် အစာချက်သည့်နည်းမှတစ်ဆင့် Euglena အနေဖြင့် ကာဗွန်ဒိုင် အောက်ဆိုဒ်ကို စုပ်ယူခြင်းဖြစ်ပါသည်။ ထိုအချက်သည် ဇီဝလောင်စာများမှ ထုတ်လုပ်သည့် ပလတ်စတစ်သည် ပုံမှန်သုံးနေကျ ပလတ်စတစ်ထက် သဘာဝပတ်ဝန်းကျင်နှင့် ပို၍ သဟဇာတ ဖြစ်နိုင်သည်ဟု သုတေသီများက ယုံကြည်ကြပါသည်။

                   ရိုးရိုးပလတ်စတစ် ထုတ်လုပ်မှုဖြစ်စဉ်သည်  ကာဗွန်ဒိုင်အောက်ဆိုဒ် အမြောက်အမြားကို ထုတ်လွှတ်သဖြင့် အဆိုပါထုတ်လုပ်မှုကို လျော့ချရန်အတွက် နှစ်စဉ် ဇီဝလောင်စာ ပလတ်စတစ် တန်ချိန် ၂၀၀,၀၀၀ ဝန်းကျင်ခန့် ထုတ်လုပ်နိုင်ရန် အကျိုးတူပူး ပေါင်းထားတဲ့ အဆိုပါ အဖွဲ့ အစည်းက မျှော်လင့်ထားကြောင်း သိရပါသည်။

ရင်းမြစ်။ The Japan Today.

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)