Main menu

Background

အာကာသအတွင်း မျိုးဖောက်ထားသည့် စပါးမျိုးစေ့များအား တရုတ်နိုင်ငံ တောင်ပိုင်း၌ စတင်စိုက်ပျိုးလျက်ရှိ

Mon, 04/05/2021 - 13:22 -- journal_editor

                ယခုအခါ  တရုတ်နိုင်ငံတောင်ပိုင်းရှိ South China Agricultural University (SCAU)၏ National Engineering Research Center of Plant Space Breeding မှ ပိုင်ဆိုင်သော ဖန်လုံအိမ်များ နှင့်စိုက်ပျိုးသည့်စပါးခင်းများ၌  လကမ္ဘာပေါ်မှ ပြန်လည် သယ်ဆောင်လာခဲ့သော စပါးမျိုးစေ့ (၁,၅၀၀)ကို စိုက်ပျိုးနေပြီဖြစ်ပါသည်။

                 ၎င်းမျိုးစေ့များအား ယမန်နှစ် နိုဝင်ဘာလနှောင်းပိုင်းတွင် သယ်ဆောင်သွားကာ ဒီဇင်ဘာလ (၁၇)ရက်နေ့တွင် လကမ္ဘာပေါ်မှ ပြန်လည်သယ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။ ယခုစိုက်ပျိုးသည့် မျိုးစေ့များမှာ ယခင်အာကာသ အတွင်း မွေးမြူခဲ့သော မျိုးစေ့များမှ မျိုးဖောက်ထားသည့်  ဒုတိယမျိုးဆက်များ ဖြစ်ပါသည်။

                   သို့ရာတွင် ယခုအချိန် မျိုးဖောက်စမ်းသပ်မှုမှာ ယခင်အကြိမ်နှင့် ကွဲပြားခြားနားပါသည်။ ပထမအကြိမ်စမ်းသပ်စဉ်က နက်ရှိုင်းသည့်အာကာသပတ်ဝန်းကျင် ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ပျံသန်းချိန်ပိုမိုကြာမြင့်ကာ Van Allen ရောင်ခြည်ရပ်ဝန်းတွင် ရောင်ခြည်ကျရောက်ခြင်းနှင့် ကြုံတွေ့ခဲ့ပါသည်။

              ယခုကဲ့သို့အာကာသအတွင်း စမ်းသပ်မှုများမှာ မျိုးစေ့များအပေါ် ပိုမို အားကောင်းသည့် မျိုးဗီဇသက်ရောက်မှုများနှင့် မျိုးပွားမှုများဖြစ်ပေါ်လာနိုင်မည်ဟု မျှော် လင့်ထားပါသည်။ နက်ရှိုင်းသောအာကာသနေရာတွင် ဖြစ်ပေါ်သော မျိုးဗီဇသက်ရောက် မှုများနှင့် ကမ္ဘာ့အနိမ့်ပိုင်းပတ်လမ်းပတ်ဝန်းကျင်တွင် ဖြစ်ပေါ်သော မျိုးဗီဇသက်ရောက်မှု များမှာ မည်သို့ကွာခြားနိုင်မည်ဟူသောအချက်အား ရှာဖွေတွေ့ရှိရန် ယခုသုတေသနများက ကူညီပေး နိုင်မည် ဖြစ်ပါသည်။

                     အာကာသတွင် မျိုးပွားခဲ့သည့်ဆန်မျိုးစေ့များဖြင့် စိုက်ပျိုးထားသည့် စပါးခင်း များအား ဇူလိုင်လအစောပိုင်းတွင် ရိပ်သိမ်းနိုင်မည်ဖြစ်ပါသည်။

ရင်းမြစ်၊ Xinhua(၂၉-၃-၂၀၂၁)

(ရွှေစင်ကို၊စီးပွားရေးသံမှူး)