Main menu

Background

ထိရောက်မှုရှိသည့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးအချက်အချာနေရာဖြစ်လာသည့် ကွမ်ရှီး

Mon, 04/05/2021 - 13:28 -- journal_editor

            ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ များနှင့် ဆက်သွယ်ထားပြီး ကမ္ဘာ့ဈေးကွက်များသို့ အပြည့်အဝဝင်ရောက်နေသည့် ဒေသ ဖြစ်ပါသည်။ ၎င်းဒေသသည် ရပ်ဝန်းနှင့် ပိုးလမ်း မစီမံကိန်း ကျယ်ပြန့်လာစေရန်နှင့် တရုတ် နိုင်ငံ၏ (၁၄)ကြိမ်မြောက် (၅)နှစ်စီမံကိန်း (၂၀၂၁-၂၅)တွင် တံခါးဖွင့်ပေးမှုများအား ပံ့ပိုး ပေးရန် ကူညီဆောင်ရွက်ပေးနေသည့်ဒေသလည်းဖြစ်ပါသည်။

ပြည်ပမှ တင်သွင်းလာသည့် ကုန်တင်သင်္ဘောများ ကွမ်ရှီးဒေသရှိ ဆိပ်ကမ်း တစ်ခုခုသို့ဆိုက်ရောက်လာပါက တင်သွင်းလိုသည့်ပြည်နယ်သို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိရန် ကုန်းလမ်းအသွယ်သွယ်ဖြင့် ပေါင်းကူး ဆောင်ရွက်ပေး လျက်ရှိပါသည်။ ထိုသို့ ပေါင်းစပ်ဆောင်ရွက်ပေးမှုများမှာ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း - ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံလမ်းကြောင်းအသစ်များအဖြစ် လူသိများကာ (၂၀၁၇)ခုနှစ်မှစတင် လာခဲ့ခြင်းဖြစ်ပါသည်။

             ယခုဆောင်ရွက်နေသည့် (၁၄)ကြိမ်မြောက် ငါးနှစ်စီမံကိန်းအောက်၌ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ဤလမ်းကြောင်းများ ပိုမိုဖွံ့ဖြိုးလာစေရန်၊ ခရီးလမ်း ကြောင်း အတိုဆုံးဖြစ်စေရန်၊ အကောင်းဆုံး ဝန်ဆောင်မှုနှင့် ဈေးနှုန်းအချိုသာဆုံးဖြစ်စေရန် ကွမ်ရှီးက ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤလမ်းကြောင်းအသစ်များကြောင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသများမှာ ကမ္ဘာတစ်ဝှမ်းမှ ကုန်သွယ်ဖက်နိုင်ငံများနှင့် အပြန် အလှန် ဆက်သွယ်မှုများ ပိုမိုရရှိလာပါသည်။

            ၂၀၂၀ ခုနှစ်တွင် ကွမ်ရှီးရှိပေပုပင်လယ်ကွေ့ဆိပ်ကမ်း၌ ဂိတ်ဆုံးသည့် ရထား ခရီးစဉ်ပေါင်း  ၄,၆၀၇ ခုရှိခဲ့ကာ (၂၀၁၇)ခုနှစ်ကထက် ၂၅ ဆတိုးတက်လာခြင်းဖြစ်ပါ သည်။ အလားတူကာလ၌ ပင်လယ်ကွေ့ဆိပ်ကမ်းမှ ဝန်ဆောင်မှုပေးခဲ့သည့် ပေ၂၀  ကုန်သေတ္တာအလုံးရေပေါင်း ၅ဒသမ၀၅ သန်းရှိခဲ့ကာ  ယခင်နှစ်ကထက် ၃၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ၊ တရုတ်နိုင်ငံ၏ အဓိကကမ်းရိုးတန်းဆိပ်ကမ်းများအနက် အမြင့်ဆုံး နှုန်းဖြစ်ခဲ့ပါသည်။

          တရုတ်နိုင်ငံတောင်ပိုင်း၌ ပေပုပင်လယ်ကွေ့ဆိပ်ကမ်းများအားလုံးတို့မှာ ကွမ်ကျိုးဆိပ်ကမ်းပြီးပါက ဒုတိယနေရာတွင်ရှိကာ အာဆီယံနိုင်ငံများ၏ အဓိကဆိပ်ကမ်း များနှင့် ချိတ်ဆက်ထားသည့်အပြင် နိုင်ငံပေါင်း ၁၀၀ ကျော်၏ ဆိပ်ကမ်းပေါင်း ၂၀၀ ကျော်နှင့်လည်း ချိတ်ဆက်ထားပါသည်။

             လက်ရှိဖွံ့ဖြိုးမှုအပေါ် အခြေခံလျက် အခြေခံအဆောက်အအုံများနှင့် ဆိပ်ကမ်း များ၌ အကောက်ခွန်ရှင်းလင်းခြင်းတို့အား အဆင့်မြှင့်တင်ရန်နှင့်  စင်္ကြံ၏ ကုန်စည် ထောက်ပို့သယ်ယူပို့ဆောင်မှုစွမ်းရည်များအား တိုးချဲ့ရန် ရထားလမ်းများ ပိုမို တည်ဆောက် ရန်တို့အား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရင်းမြစ်၊ China Daily(၉-၃-၂၀၂၁)

(ရွှေစင်ကို၊စီးပွားရေးသံမှူး)