Main menu

Background

ယခုနှစ်ပထမ(၃)လအတွင်း တရုတ်လုပ်ငန်းများ၏ ချေးငွေရယူလိုမှုများ မြင့်တက်လာ

Mon, 04/05/2021 - 13:34 -- journal_editor

               ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏ အလုံးစုံချေးငွေရယူလိုမှုအညွှန်း ကိန်းမှာ ၇၇ဒသမ၅ ရာခိုင်နှုန်းတက်လာကာ၊ ယခင်နှစ် စတုတ္ထ(၃)လနှင့်နှိုင်းယှဉ်ပါက ၅ဒသမ၉ ရာခိုင်နှုန်းတက်လာကြောင်း တရုတ်ပြည်သူ့ဘဏ် (People's Bank of China - PBOC)မှ အစီရင်ခံစာအရ သိရပါသည်။

               ပထမ(၃)လအတွင်း ချေးငွေယူလိုအားများလာသည့် ကဏ္ဍများမှာ စက်မှု ကုန်ထုတ်ကဏ္ဍ၊ အခြေခံအဆောက်အအုံကဏ္ဍနှင့် လက်လီလက်ကားကဏ္ဍများမှဖြစ်ပါ သည်။

ပထမ(၃)လ၌ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် ဘဏ်များ၏ စိတ်ချယုံကြည်မှုမှာ ၎င်းတို့၏မေခရိုစီးပွားရေးအညွှန်းကိန်းနှင့်အတူ ၄၂ဒသမ၄ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီး၊ ယခင် (၃)လပတ်ထက် ၈ဒသမ၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ပါသည်။

ထိုကဲ့သို့တိုးတက်လာခြင်းမှာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းရှင်များ၏ ပိုမိုစိတ်အားထက်သန်လာမှုအား ပြသနေကြောင်း အစီရင်ခံစာ၌ ဖော်ပြ ထားပါသည်။

                 ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏ မေခရိုစီးပွားရေးအညွှန်းကိန်းမှာ ၃၈ဒသမ၉ရာခိုင်နှုန်း၌ ရပ်တည်နေပြီး၊ ယခင်နှစ် အလားတူကာလထက် ၂၆ဒသမ၅ ရာခိုင်နှုန်းနှင့် စတုတ္ထ(၃)လကထက် ၄ဒသမ၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua(၂၈-၃-၂၀၂၁)

(ရွှေစင်ကို၊စီးပွားရေးသံမှူး)