Main menu

Background

အာဆီယံသို့ e-commerce ထောက်ပို့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတည်ဆောက်မှုအား မြှင့်တင်သွားမည့် နန်နင်း

Mon, 04/05/2021 - 13:50 -- journal_editor

                   ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏မြို့တော် နန်နင်းမြို့သည် ၎င်း၏ နယ်စပ်ဖြတ်ကျော် e-commerce အတွက် တည်ဆောက်ထားသော ဘက်စုံသရုပ်ပြဇုန်အား တရုတ်-အာဆီယံ ကူးသန်း ရောင်းဝယ်ရေး လမ်းကြောင်းသစ်အသွင် ပြောင်းလဲသွားရန်အတွက်နောင်လာမည့် (၅)နှစ်အတွင်း တည်ဆောက်ရေးစီမံကိန်း (၂၉)ခု တည်ဆောက်ရေးအား တွန်းအားပေး၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

           နန်နင်းမြို့မှာ အာဆီယံနိုင်ငံများနှင့် အနီးကပ်ဆုံးတည်ရှိသည့် တရုတ် နိုင်ငံ၏မြို့တော်ဖြစ်ပြီး ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတည်ဆောက်ရေးတွင် အရေးပါသည့် အချက်အချာနေရာတစ်ခုလည်း ဖြစ်ပါသည်။ ၎င်းမြို့တော်သည် အာဆီယံကို အလေးထား သည့် e –commerceဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ရန် စိတ်အားထက်သန်စွာ ဆောင်ရွက် နေပါသည်။  ထိုသို့ဆောင်ရွက်မှုများအနက် နယ်စပ်ဖြတ်ကျော် e-commerceအတွက် ဘက်စုံ သရုပ်ပြဇုန်တည်ဆောက်ရေးလည်းပါဝင်ပါသည်။

             ယခုအခါ နန်နင်းနှင့် အာဆီယံနိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် e-commerceအတွက် ကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေးစနစ်အား စတင်ပုံဖော်နေပြီ ဖြစ်ပါသည်။  နန်နင်း၏ နိုင်ငံခြားကုန်သွယ်ရေး၌ နယ်စပ်ဖြတ်ကျော် e-commerceမှာ ဖွံ့ဖြိုးမှုဒေါက်တိုင်အသစ်တစ်ခု ဖြစ်လာပါသည်။

       လက်ရှိအချိန်တွင် နန်နင်းမြို့မှ အာဆီယံနိုင်ငံများသို့ တိုက်ရိုက်လေကြောင်း ပြေးဆွဲမှုပေါင်း (၂၃)လိုင်းရှိပြီး၊ ဗီယက်နမ်နိုင်ငံ၏ ဟိုချီမင်းမြို့တော်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ မနီလာမြို့တော်များနှင့် ကုန်သေတ္တာ တင်လေယာဉ်များ ပြေးဆွဲလျက်ရှိပါသည်။

                  နန်နင်းမြို့တွင် တည်ဆောက်သွားမည့် စီမံကိန်းများအနက် နန်နင်း ဝူရှု (Wuxu) အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြည်တွင်းကုန်တင်လေဆိပ် ဒုတိယအဆင့် တည်ဆောက်ရေး၊ တရုတ်-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးနေရာနှင့် အရှေ့တောင်အာရှ၏အကြီးဆုံး  e-commerce platformဖြစ်သည့်Lazada ၏ နယ်စပ် ဖြတ်ကျော် တီထွင်ဆန်းသစ်မှု ဝန်ဆောင်မှုစင်တာကဲ့သို့သော စီမံကိန်းများလည်း ပါဝင် မည်ဖြစ်ပါသည်။

                  လက်ရှိအချိန်တွင် နန်နင်းမြို့သည် အဓိကတရုတ်e-commerceကုမ္ပဏီကြီး များဖြစ်ကြသည့် Alibaba၊ JD နှင့် SF Expressတို့နှင့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုဆက်ဆံရေးအား တည်ထောင်ထားပြီး၊ နန်နင်းဘက်စုံသရုပ်ပြဇုန်အတွင်း၌ ကုမ္ပဏီပေါင်း (၈၀)ကျော်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၃၀-၃-၂၀၂၁)

(ရွှေစင်ကို၊စီးပွားရေးသံမှူး)