၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် အမေရိကန်နိုင်ငံ ချီကာဂိုစတော့ဈေးကွက်ရှိ ပဲပုတ်စေ့ဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိနေပြီး စတော့ပ်ဈေးကွက်၏ ဈေးနှုန်း သတ်မှတ်ချက်အမှတ်သည် နံနက်ပိုင်းတွင် ၃.၇၅ မှ ၆ အထိမြင့်တက်ခဲ့သဖြင့် ပဲပုတ်စေ့ ၁ စည် တန်ဖိုးသည် မေလတွင် အမေရိကန်ဒေါ်လာ ၁၄.၁၈ နှင့် စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၁၃.၀၆ အထိ ဆက်လက်မြင့်တက်နိုင်ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ပဲပုတ်စေ့ဈေးနှုန်းများသည် အမေရိကန်စိုက်ပျိုးရေးဌာန၏ ဈေးကွက်သတင်းစာစောင် တွင်ဖော်ပြခဲ့သည့် ၂၀၂၁-၂၀၂၂ ခုနှစ်အတွက် ဈေးနှုန်းခန့်မှန်းချက်များနောက်သို့ တရိပ်ရိပ် လိုက်ပါမြင့်တက်လျက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံအတွင်းတွင်လည်း ပဲပုတ်ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်လျက်ရှိနေသဖြင့် စိုက်ပျိုးထွက်ရှိသည့်ပဲပုတ်စေ့ပမာဏ၏ အနည်းငယ်ကိုသာ ဇီဝလောင် စာဆီကြိတ်ခွဲထုတ်လုပ်မှုအတွက် အသုံးပြုမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ မြင့်တက်မှုနေကြောင့် ၂၀၂၁-၂၀၂၂ ခုနှစ် ပဲပုတ်စေ့စိုက်ပျိုးရာသီတွင် စိုက်ပျိုးဧရိယာများတိုးချဲ့စိုက်ပျိုးရန် အမေရိကန်တောင်သူများအပေါ် တွန်းအားဖြစ်စေကြောင်း၊ အလားတူပင် ပဲပုတ်တင်ပို့သူများအနေဖြင့်လည်း အမေရိကန် မြောက်ပိုင်း၏ သီးနှံရိတ်သိမ်းချိန်တွင်ဖြစ်ပေါ်နေသော ရာသီဥတုအပေါ်တွင် အာရုံစိုက်လျက်ရှိ ကြောင်း၊ သီးထပ်စိုက်ပျိုးမှုအနေဖြင့် ပြောင်း ၂ ရာခိုင်နှုန်းသာစိုက်ပျိုးပြီးစီးသေးကြောင်းနှင့် တရုတ်နိုင်ငံ၏ ပြောင်းစေ့ဝယ်လိုအားမှာ ဆက်လက်မြင့်မားနေဆဲဖြစ်ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။
ကမ္ဘာ့သီးနှံဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည့် အဓိကပြိုင်ဘက် နိုင်ငံများဖြစ်ပြီး ပို့ကုန်များအား တရုတ်နိုင်ငံဈေးကွက်သို့ အများဆုံးတင်ပို့လျက်ရှိသည်။ ဘရာဇီးလ် နိုင်ငံအတွင်းရှိသီးနှံဈေးကွက်သည် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ပ်ဈေးကွက်နှင့်ချိတ်ဆက် လျက်ရှိနေပြီး ပဲပုတ်စေ့၊ ပြောင်း၊ ဂျုံနှင့် ကော်ဖီတို့၏ ဈေးကွက်ပေါက်ဈေးများသည်လည်း စတော့ပ် ဈေးကွက်ပေါက်ဈေးများ ပြောင်းလဲမှုအပေါ်မူတည်၍ လိုက်ပါပြောင်းလဲလျက်ရှိသည်။ တောင်နှင့် မြောက်အမေရိကတိုက်ရှိနိုင်ငံများတွင် ဖြစ်ပေါ်နေသောရာသီဥတုအခြေအနေနှင့် အမေရိကန် ဒေါ်လာငွေတန်ဖိုးအတက်အကျသည် ကမ္ဘာ့သီးနှံဈေးကွက်၏ ဈေးနှုန်းများဖြစ်ပေါ်မှုတွင် အဓိကအကျိုးသက်ရောက်စေလျက် ရှိသည်။
(ထွန်းအောင်ဇော်)
စီးပွားရေးသံမှူး
သတင်းရင်းမြစ် - noticiasagricolas.com.br