Main menu

Background

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် စီးပွားရေးမျှော်မှန်းချက်များ ထုတ်ပြန်

Mon, 04/12/2021 - 11:00 -- journal_editor

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၁၃) ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက်(13th National People's Congress-NPC)နှင့် (၁၃) ကြိမ်မြောက် တရုတ်နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (13th National Committee of Chinese People's Political Consultative Conference-CPPCC)၏ စတုတ္တအကြိမ် နှစ်ပတ်လည်အစည်းအဝေးအား ၂၀၂၁ ခုနှစ်၊ မတ်လ (၅) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပ ပြုလုပ် ခဲ့ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် Li Keqiang မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ လုပ်ငန်းအစီရင်ခံစာအား တင်သွင်းခဲ့သည်။

          အဆိုပါအစီရင်ခံစာတွင် တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း မျှော်မှန်းချက်ထား၍ ဆောင် ရွက်သွားမည့်ကိစ္စရပ်များဖော်ပြထားရာ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှု များရရှိရန် ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ၊ အန္တရာယ်များနှင့် ဆက်လက်ရင်ဆိုင်ကြုံတွေ့ရဖွယ် ရှိကြောင်း၊ သို့ရာတွင် နိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိစေမည့် စီးပွားရေး အခြေခံအချက်အလက်များပြောင်းလဲခြင်းမပြုဘဲ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ စီးပွားရေးစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန်၊ လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်မှုများခိုင်မာလာစေရန် ရည်ရွယ်၍ ကြုံတွေ့လာနိုင်သည့်စိန်ခေါ်မှုများအား ယုံကြည်မှု အပြည့်ဖြင့် ရင်ဆိုင်ကျော်လွှားသွားမည်ဖြစ်ကြောင်း၊  စီးပွားရေး ပြန်လည်နလန်ထူလာစေမည့် အခြေခံ အချက်အလက်များ ခိုင်မာမှုရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံ၏ စီးပွားရေးနှင့်ပတ်သက်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု (၆) ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်မှုရရှိရန် မျှော်မှန်းလုပ်ဆောင်သွားမည်ဟု ဖော်ပြပါရှိသည်ဟု သိရှိရပါသည်။

Source: https://enapp.chinadaily.com.cn/a/202103/11/AP6049d238a310f03332f98da2.html

ရွှေစင်ဦး၊ စီးပွားရေးသံမှူး