Main menu

Background

အစားအစာလုံခြုံစိတ်ချလုံလောက်မှုရှိစေရေး ဉီးစားပေးဆောင်ရွက်သွားရန် တိုက်တွန်းခဲ့ခြင်း

Mon, 04/12/2021 - 11:01 -- journal_editor

နိုင်ငံ၏ အစားအစာလုံခြုံစိတ်ချရမှုရှိစေရေး၊ လယ်ယာထွက်ကုန်ပစ္စည်းများ လုံလောက်အောင် ရောင်းချနိုင်ရေးတို့ကို ဉီးစားပေးဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နွေဉီးရာသီကောက်ပဲသီးနှံစီမံ ခန့်ခွဲမှုစနစ်၊ လယ်ယာလုပ်ငန်း ပြင်ဆင်မှု၊ နည်းပညာဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များ ခိုင်မာအား ကောင်းလာစေရန်၊ စိုက်ပျိုးရေးထုတ်ကုန်များ လုံလောက်စေရန်၊ ဈေးနှုန်းများ တည်ငြိမ်စေရန် ဉီးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကောက်ပဲသီးနှံ ထုတ်လုပ်ရေးမူဝါဒထောက်ပံ့မှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာအချက်အလက်များအား နိုင်ငံတော်ကောင်စီ၏ တရားဝင် website ၌ ထုတ်ပြန် ကြေညာထားကြောင်း၊ တစ်နှစ်ပတ်လုံး ကောက်ပဲသီးနှံထုတ်လုပ် ထွက်ရှိမှုပမာဏ ကီလိုဂရမ် (၆၅၀) ဘီလီယံအထက် ဆက်လက်ရရှိရန်၊ နိုင်ငံ၏ မျိုးစေ့ထုတ်လုပ်မှု တိုးတက်လာစေရန်၊ မွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်ထွက်ရှိမှု တည်ငြိမ်စေရန်၊ အဓိက ဖြစ်ပွား တတ်သည့် တိရစ္ဆာန်ရောဂါများ၊ အပင်ပိုးမွှားများ ကာကွယ်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ နိုင်ငံ၏ အစားအစာလုံခြုံစိတ်ချရမှုရှိခြင်း၊ အရေးပါသည့် လယ်ယာထွက်ပစ္စည်းများ လုံလောက်စွာ ရောင်းချခြင်း တို့ဖြင့် စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ရည်မှန်းချက်များ အောင်မြင် လာစေရန် အခြေခံကောင်းများ ဖြစ်ပေါ်လာမည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီခချန်းမှ ပြောကြား ခဲ့ကြောင်းသိရှိရပါသည်။
          တရုတ်နိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ လယ်ယာစိုက်ပျိုးရေးနည်း ပညာအခက်အခဲများ ကိုင်တွယ်ဖြေရှင်းရေး၊ ပြည်တွင်းမျိုးစေ့ထုတ်လုပ်ရေး၊ ကျေးလက်ဒေသများတွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးစသည့်အစီအစဉ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ပိုင်း တွင် ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေး၊ ကျေးလက် ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဉီးစားပေးလုပ်ဆောင်လျက်ရှိသည်မှာ (၁၈) နှစ်ဆက်တိုက်ရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

Source:  https://www.globaltimes.cn/page/202103/1217078.shtml

ရွှေစင်ဦး၊ စီးပွားရေးသံမှူး