Main menu

Background

၂၀၂၁ခုနှစ်တွင်ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေး(၅) ရာခိုင်နှုန်းခန့်ဖြင့်တိုးတက်နိုင်ခြင်း

Mon, 04/12/2021 - 11:14 -- journal_editor

မကြာသေးမီကချမှတ်ခဲ့သည့်ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများအားယာယီသာဆောင်ရွက်ရခြင်းဖြစ်ပါကဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးသည်၂၀၂၁ခုနှစ်တွင် (၄.၉) ရာခိုင်နှုန်းတိုးတက်နိုင်သည်ဟု စီးပွားရေးနှင့်လူမှုရေး သုတေသနအဖွဲ့အစည်း (Institute for Economic and Social Research-IRES) ၏ခန့်မှန်းချက်အရသိရသည်။ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် စီးပွားရေးလုပ်ငန်းရပ်များသည်အဟန့်အတား များစွာဖြစ်ပေါ်ခဲ့ရသော်လည်း ဘယ်လ်ဂျီယံနိုင်ငံ၌ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်စတင်ခဲ့ခြင်း၊နိုင်ငံတကာစီးပွားရေးတွင်တိုးတက်မှုလက္ခဏာများရှိလာခြင်းတို့ကနိုင်ငံ၏စီးပွားရေးအပေါ်အပြုသဘောသက်ရောက်မှုရှိခဲ့ခြင်းဖြစ်သည်။

            ၂၀၂၁ခုနှစ်၏ပထမသုံးလပတ်တွင်ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးသည် (၁) ရာခိုင်နှုန်းဝန်းကျင်ဖြင့်တိုးတက်ခဲ့သည်ဟု IRES ကခန့်မှန်းသည်။ဒုတိယသုံးလပတ်တွင်မူ ဗိုင်းရပ်စ်ထိန်းချုပ်ရေးတင်းကျပ်သည့်ကန့်သတ်ချက်များ ချမှတ်ခဲ့ရသဖြင့်စီးပွားရေးသိသိသာသာနှေးကွေးမည်ဟုမျှော်လင့်ထားပါသည်။အဆိုပါကန့်သတ်ချက်များအားယာယီအနေဖြင့်သာဆောင်ရွက်ရပြီး၊ကာကွယ်ဆေးထိုးနှံမှုအရှိန်မြှင့်တင်ဆောင်ရွက်နိုင်မည်ဆိုပါကစီးပွားရေးပြန်လည် နာလန်ထူမှုကိုဒုတိယနှစ်ဝက်ကာလတွင်မျှော်လင့်နိုင်မည်ဖြစ်သည်။ထိုမှတစ်ဆင့်၂၀၂၁ခုနှစ်တစ်နှစ်လုံးအတွက်ဘယ်လ်ဂျီယံနိုင်ငံ၏စီးပွားရေးတိုးတက်မှု (၄.၉) ရာခိုင်နှုန်းသို့ရောက်ရှိနိုင်ခြင်းဖြစ်ပါသည်။

မျှော်မှန်းထားသည့်စီးပွားရေးနာလန်ထူမှုဖြစ်ပေါ်ခဲ့ပါက၂၀၂၁ခုနှစ်တွင်ဘယ်လ်ဂျီယံနိုင်ငံ၏အလုပ်အကိုင်ရရှိမှုအခြေအနေကိုလည်းတိုးတက်စေနိုင်မည်ဟု IRES ကဆိုသည်။၂၀၂၀ပြည့်နှစ်၏ တတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံ နိုင်ငံ၏စီးပွားရေးသည်ပြန်လည်ကောင်းမွန်လာခဲ့သော်လည်းနှစ်ကုန်ပိုင်းတွင်ကိုဗစ်-၁၉ရောဂါကူးစက်မှုများတစ်ကျော့ပြန်မြင့်တက်လာမှုကြောင့်ကန့်သတ်ချက်များဆောင်ရွက်ခဲ့ရသဖြင့်စီးပွားရေးနိုးထမှုရပ်တန့်ခဲ့ခြင်းဖြစ်သည်။

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး