Main menu

Background

၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း FTA အထောက်အကူပြုစင်တာများဖွင့်လှစ်သွားမည်

Mon, 04/12/2021 - 11:22 -- journal_editor

Coronavirus ၏စိန်ခေါ်မှုများအကြားတောင်ကိုရီးယားပို့ကုန်တင်ပို့သူများမှလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် (Free Trade Agreement-FTA) များကိုထိရောက်စွာ အသုံးပြု၍ပို့ကုန်များပိုမိုတိုးချဲ့တင်ပို့နိုင်ကာ အကျိုးအမြတ်ပိုမိုရရှိစေ‌ရေးရည်ရွယ်၍ FTAအထောက်အကူပြုစင်တာအသစ်များကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊  အဆိုပါအစီအစဉ်အရတောင်ကိုရီးယားနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် အရှေ့တောင်အာရှဒေသအတွင်း FTA အထောက်အကူပြုစင်တာများဖွင့်လှစ်ရန်နှင့် စိတ်ကြိုက်ညှိနှိုင်းဆွေးနွေးခြင်းအစီအစဉ်များကိုပြုလုပ်ရန်အတွက် ကိုရီးယားဝမ် (၁၁.၉) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀.၄ သန်း) သုံးစွဲရန်စီစဉ်လျက်ရှိကြောင်း ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနက (၁၆-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ 

ဝင်းပပသူ၊ စီးပွားရေးသံမှူး