Main menu

Background

တောင်ကိုရီးယားပြည်တွင်းလေကြောင်းခရီးစဉ်တိုးတက်လာမှုနှင့်တောင်ကိုရီးယားအစိုးရမှလေကြောင်းကဏ္ဍအားပံ့ပိုးပေးမည့်အခြေအနေ

Mon, 04/12/2021 - 11:23 -- journal_editor

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ ပြန်လည်တိုးတက်လာ ခြင်း မရှိသေးသော်လည်း ပြည်တွင်းလေကြောင်းခရီးစဉ် ဝယ်လိုအားသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက COVID-19 ကူးစက်ပျံ့နှံ့မှုကာလ မတိုင်မီအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း မြေယာ၊ အခြေခံ အဆောက်အဦနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက(၁၄-၃-၂၀၂၁)ရက်နေ့တွင်ထုတ်ဖော်ပြောကြားခဲ့သည်။

              ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် ပြည်တွင်းလေကြောင်းလိုင်းများမှ ပြည်တွင်း ခရီးစဉ် များကို အသုံးပြုခဲ့သည့်ခရီးသည်အရေအတွက်မှာ (၂.၃၁) သန်းခန့်ရှိခဲ့သည့်အတွက် COVID-19 မဖြစ်ခင် ကာလ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၏ ပြည်တွင်းခရီးသွားအရေအတွက် (၂.၄၉) သန်းနီးပါးပင်ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှောင်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံ၏ ပထမဆုံး COVID-19 လူနာကိုတွေ့ရှိခဲ့ခြင်းဖြစ်ရာ၊ ယခင် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ရှိခဲ့သည့် ပြည်တွင်းခရီးသွား အရေအတွက်သည် (၁.၅၃) သန်းနှင့် နှိုင်းယှဉ်လျှင်  ယခုနှစ်တွင်  (၃၅) ရာခိုင်နှုန်းတိုးတက်လာခြင်းဖြစ်သည်။

              တောင်ကိုရီးယားနိုင်ငံသည်  COVID-19 ကူးစက်ရောဂါ၏ရိုက်ခတ်မှုကြောင့် ဆုံးရှုံးမှုအပြင်းအထန် ထိခိုက်ခံစားရသော လေကြောင်းလိုင်းများအား အကျပ်အတည်းကာလအတွင်း ဆက်လက် ရှင်သန်နိုင်စေရန် လေကြောင်း လိုင်းများအတွက် လေယာဉ်ကွင်းအသုံးပြုခကို ၂၀၂၁ ခုနှစ်၊ ဇွန်လအထိ အစိုးရ ကဆက်လက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း အခွန်ကို ကိုရီးယားဝမ် (၄၅.၇) ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၀.၆ သန်း) လျှော့ချပေးသွားမည်ဖြစ် ကြောင်း၊ ထို့ပြင် လေကြောင်းခရီးသွား ဝယ်လိုအားအခြေအနေကိုထည့်သွင်းစဉ်းစားခြင်းအားဖြင့် အခွန်လျှော့ချခြင်းကာလအား ထပ်မံတိုးမြှင့် ရန် သင့်/ မသင့်ကို ဆက်လက်စဉ်းစားပေးသွားမည်ဖြစ်ကြောင်း  မြေယာ၊ အခြေခံ အဆောက်အဉီနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှ (၃-၃-၂၀၂၁) ရက်နေ့ကထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့ပြင် လေကြောင်း လုပ်ငန်းပြန်လည်နာလန်ထူနိုင်ရေးကိုအထောက်အကူပြုရန် တောင်ကိုရီးယားအစိုးရသည် COVID-19 ကူးစက်မှုကိုတားဆီးနိုင်ခဲ့သော အခြားနိုင်ငံများနှင့်အတူ ခရီးသွားပူဖောင်း(သို့မဟုတ်)စစ်ဆေးမှု ကင်းလွတ်သည့်ခရီးသွားစင်္ကြံ(Travel Bubbles) အစီအစဉ်များကို အကောင်အထည်ဖော်ရန် တွန်းအားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဝင်းပပသူ၊ စီးပွားရေးသံမှူး