Main menu

Background

ကုန်သွယ်မှုပမာဏဆက်လက်မြင့်တက်လျက်ရှိခြင်း

Mon, 04/12/2021 - 12:16 -- journal_editor

တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်များအရ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံအနေဖြင့် ပြည်ပ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၈၃၄.၄၉) ဘီလီယံ ရရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ ပြီးခဲ့ သည့်နှစ်၊ ကာလတူထက် (၄၁.၂) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ တင်ပို့မှုပမာဏ အမေရိကန် ဒေါ်လာ(၄၆၈.၈၇)ဘီလီယံ ရရှိခဲ့သည့်အတွက်  ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၆၀.၆) ရာခိုင်နှုန်း မြင့် တက်လာခဲ့ကြောင်း၊ တင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ ( ၃၆၅.၆၂) ဘီလီယံ ရရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၂.၂) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရသည်။

          အဆိုပါကာလအတွင်း တရုတ်နိုင်ငံမှ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်ပြည် ထောင်စုထံသို့ တင်ပို့မှု (၇၅.၁) ရာခိုင်နှုန်း၊ ဉရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့မှု (၅၁.၉) ရာခိုင်နှုန်း၊ အရှေ့ တောင်အာရှနိုင်ငံများ အဖွဲ့ထံသို့ တင်ပို့မှု (၄၃.၂) ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွင်း၌ ဂျပန်၊ ဉရောပသမဂ္ဂနိုင်ငံများ၊ လက်တင်အမေရိက နိုင်ငံများသို့ တင်ပို့မှု သိသာစွာကျဆင်းခဲ့သော်လည်း အဆိုပါနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာမူ တည်ငြိမ်စွာဖြင့် ဆက်လက်တိုးတက်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း၌ တရုတ်နိုင်ငံသည် အမေရိ ကန်ပြည်ထောင်စုအား ဖြတ်ကျော်လျက် ဉရောပသမဂ္ဂနိုင်ငံများ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံများ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် (၁၁) နှစ်ဆက်တိုက်ရပ်တည် လျက်ရှိကြောင်း သိရှိရပါသည်။

Source: http://www.chinadaily.com.cn/a/202103/10/WS60487f74a31024ad0baae432.ht ml

ရွှေစင်ဦး၊ စီးပွားရေးသံမှူး