Main menu

Background

စီးပွားရေးပြန်လည်နာလန်ထူလာရန် ဉီးတည်ချက်ထား၍ လိုအပ်သည့်ပံ့ပိုးကူညီမှုများဖြင့် မူဝါဒချမှတ်ဆောင်ရွက်သွားမည့် တရုတ်နိုင်ငံ

Fri, 04/23/2021 - 09:40 -- journal_editor

         တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးပြန်လည်နာလန်ထူလာရန်အတွက် လိုအပ် သည့် ပံ့ပိုးကူညီမှုများအား ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး၊  စီးပွားရေးဖွံ့ဖြိုးမှုအရှိန် အဟုန်အားပေါင်းစည်းရန် အခွန်လျှော့ချပေးမှုများနှင့်  အခြားစီမံဆောင်ရွက်မှုများအား အကောင်အထည်ဖော်သွားမည်ဟု နိုင်ငံ၏ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲသူတစ်ဉီး ဖြစ်သူ National Development and Reform Commissionမှ Meng Weiက ဧပြီလ (၁၉) ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်ပါသည်။

           ထိုပြောကြားချက်အရ တရုတ်နိုင်ငံ၏ အလုပ်အကိုင်များ တည်ငြိမ်ရေးနှင့် ဈေးကွက်တွင်ပါဝင်နေသူများအားလုံးစိတ်ချလုံခြုံမှုရှိစေရေးကို ဉီးတည်သည့်မူဝါဒများအား အပြောင်းအလဲပြုလုပ်သွားမည်မဟုတ်ဘဲ   အသေးစားနှင့် အငယ်စားလုပ်ငန်းများသို့ ပံ့ပိုး ကူညီပေးမည့်စီမံဆောင်ရွက်မှုများအား အပြည့်အဝအကောင်အထည်ဖော်သွားမည် ဖြစ်သည်ဟုသိရပါသည်။

          ဈေးကွက်တွင်ပါဝင်နေသူများအားလုံးအတွက် ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု များကို ဆက်လက်ပေးသွားခြင်း၊ ကုန်ကြမ်းများအတွက် ဈေးကွက်စည်းမျဉ်းများအား ပိုမို အားကောင်းခိုင်မာစေခြင်းနှင့် လုပ်ငန်းကုန်ကျစရိတ်ဖိအားများအား ဖယ်ရှားပေးခြင်းတို့ကို ပြုလုပ်ပေးသွားမည်ဟုလည်း Meng Weiက အခိုင်အမာပြောဆိုခဲ့ပါသည်။

          ယခုနှစ် ပထမ(၃)လအတွင်း တရုတ်နိုင်ငံ၏စီးပွားရေး တိုးတက်လာသော် လည်း ကမ္ဘာ့ဈေးကွက်တွင် မသေချာမရေရာမှုများ တိုးပွားလာနေခြင်းနှင့်  တရုတ်နိုင်ငံ အတွင်း၌ ပြန်လည်နာလန်ထူရာတွင် မညီမျှမှုများရှိနေခြင်းတို့က အနာဂတ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စိန်ခေါ်မှုများဖြစ်နေဆဲဖြစ်ကြောင်း Meng က ထည့်သွင်းပြောကြားခဲ့ပါသည်။

COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားခဲ့သော (၂၀၂၀)ပြည့်နှစ် အစောပိုင်း ကာလအပေါ်အခြေခံပါက ယခုနှစ် ပထမ(၃)လအတွင်း အားကောင်းခဲ့သည့်ပြည်တွွင်း ပြည်ပဝယ်လိုအားများကြောင့် တရုတ်နိုင်ငံ၏စီးပွားရေးမှာ ၁၈ဒသမ၃ ရာခိုင်နှုန်းတိုးတက်ခဲ့ သည်ကို တွေ့ရပါသည်။

            ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ စီးပွားရေး ၈ဒသမ၄ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဧပြီလအစောပိုင်းတွင်ထုတ်ပြန်သည့် ကမ္ဘာ့ စီးပွားရေးမျှော်မှန်းချက်တွင် ခန့်မှန်းထားပါသည်။

ရင်းမြစ်၊ Xinhua (၁၉-၄-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး