Main menu

Background

ကမ္ဘာပေါ်တွင် အကြီးမားဆုံး 5G မိုဘိုင်းလ်ကွန်ယက်အား တည်ဆောက်နေသည့် တရုတ် နိုင်င

Fri, 04/23/2021 - 09:46 -- journal_editor

           တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး 5G မိုဘိုင်းလ်ကွန်ယက်အား တည်ဆောက်ရာ၌ ကနဉီးအောင်မြင်မှုများရရှိပြီးဖြစ်ကြောင်း စက်မှုနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာနက ဧပြီလ (၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

          ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်း၌ တရုတ်နိုင်ငံတစ်ဝှမ်းတွင် 5G အခြေပြုနေရာ ပေါင်း (၇၉၂,၀၀၀)အား တည်ဆောက်ပြီးဖြစ်ကာ ၊ ၎င်းတို့နှင့်ချိတ်ဆက်ထားသည့် မိုဘိုင်းလ် ကွန်ယက်ပေါင်း သန်း(၂၆၀)ရှိပြီးဖြစ်သည်ဟု MIIT  ဒုတိယဝန်ကြီး Liu Liehong က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပါသည်။ 

          တရုတ်နိုင်ငံ၏ မိုဘိုင်းလ်ကွန်ယက်အမြန်နှုန်းမှာ နိုင်ငံပေါင်း (၁၃၉)နိုင်ငံ အနက် အဆင့်(၄)နေရာတွင်ရှိကြောင်း၊ ယခုနှစ်အတွင်း တရုတ်နိုင်ငံရှိ 5G မိုဘိုင်းလ် တင်ပို့မှုများမှာ စုစုပေါင်းတင်ပို့မှု၏ (၈၀)ရာခိုင်နှုန်းခန့်ရှိမည်ဟုခန့်မှန်းကြောင်း ဝန်ကြီး ဌာနမှ ထုတ်ဖော်ပြောကြားပါသည်။

          တရုတ်နိုင်ငံအနေဖြင့် လာမည့် (၃)နှစ်အတွင်း အခြေအနေပေးပါက မြို့ပြ ဧရိယာများနှင့် မြို့ငယ်များကို ခြုံငုံသည့် "double gigabit" ကွန်ယက်အခြေခံ အဆောက် အအုံအား တည်ဆောက်သွားရန် စီစဉ်ထားပြီး၊ 5Gကွန်ယက်ကောင်းစွာလွှမ်းခြုံမိစေရန် မြှင့်တင်ဆောင်ရွက်သွားမည်ဟုလည်း MIITဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရပါသည်။ 

ရင်းမြစ်၊ Xinhua (၁၉-၄-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး