Main menu

Background

တရုတ်နိုင်ငံမှ ကုန်သေတ္တာအသုံးပြုမှုအလွန်များသောကြောင့် တောင်အာဖရိကနိုင်ငံတွင် အခက်တွေ့လျက်ရှိ

Fri, 04/23/2021 - 09:49 -- journal_editor

          တရုတ်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကနှင့် ဉရောပ သမဂ္ဂနိုင်ငံများထံသို့ ပုံမှန်ကုန်များပို့ဆောင်နေသည့်အတွက်  ကုန်သေတ္တာလိုအပ်ချက်များ မြင့်တက်နေသောကြောင့်  ကုန်သေတ္တာခများ အဆမတန်မြင့်တက်နေပါသည်။ အထူး သဖြင့် ကုန်သေတ္တာအသုံးပြုလိုအား များပြားသည့် အာဖရိကဘက်မှ နိုင်ငံများတွင်လည်း အခက်ကြုံတွေ့လျက်ရှိပါသည်။

         ယေဘုယျအားဖြင့်  နှစ်စဉ် ဧပြီလမှ အောက်တိုဘာလကြားကာလများသည် တောင်အာဖရိကမှ Citrusသစ်သီးဝလံထွက်ရှိချိန်ဖြစ်၍ ပို့ကုန်ကုန်သေတ္တာ အများအပြား လိုအပ်သည့်ကာလဖြစ်ပါသည်။  ၎င်းကာလအတွင်း ခန့်မှန်းခြေအားဖြင့် citrus သစ်သီး ဝလံလုပ်ငန်းကဏ္ဍတစ်ခုတည်းအတွက်ပင်လျှင် အအေးခန်းကုန်သေတ္တာအလုံးပေါင်း (၉၅,၀၀၀)ခန့်လိုအပ်မည်ဖြစ်ကာ၊  အခြားသစ်သီးဝလံများကိုပါထည့်တွက်လိုက်လျှင် အအေးခန်းကုန်သေတ္တာအလုံးပေါင်း (၁၂၀,၀၀၀)ခန့်လိုအပ်မည်ဟု သိရပါသည်။

        ထို့ကြောင့် လိုအပ်နေသည့်အအေးခန်းကုန်သေတ္တာများ ရရှိစေရန် ဆိပ်ကမ်း အာဏာပိုင်များ၊ သင်္ဘောလိုင်းများနှင့် ဆွေးနွေးနေပြီး၊ ကမ္ဘာတစ်ဝှမ်းမှ အအေးခန်း ကုန် သေတ္တာများအား အလိုအပ်ဆုံးနေရာများသို့ ခွဲဝေပေးနိုင်ရေးအတွက် စုံစမ်းမှုများပြုလုပ် နေကြောင်း သိရပါသည်။

သင်္ဘောလိုင်းများမှာလည်း  အအေးခန်းကုန်သေတ္တာများအား ပြန်လည် နေရာချထားရန် သင်္ဘောများပေါ်တွင် နေရာလွတ်များရရှိရေးအတွက် ကနဉီးကြိုးစားလျက် ရှိကြပါသည်။ တောင်အာဖရိကဘက်သို့ အအေးခန်းကုန်သေတ္တာအလွတ်များ ရောက်ရှိ လာရန်အတွက် အခြားကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြိုင်ရသည့်အတွက် ကုန်သေတ္တာခများ ပိုမိုမြင့်မားလာနိုင်ဖွယ်ရှိသည်ဟုလည်း သိရပါသည်။

         ကုန်သေတ္တာရယူလိုအား အလွန်မြင့်မားပါက အအေးခန်းဖြင့်ကုန်တင်ဆောင် သည့်သင်္ဘောများနှင့် အခြားသင်္ဘောများအား စီစဉ်ပေးနိုင်ကြောင်းသိရပြီး၊ ပိုမိုကျသင့်မည့် ကုန်ကျစရိတ်များကို ကုန်ပစ္စည်း၏ဈေးကွက်ပေါက်ဈေးက ကာမိနိုင်ခြင်း ရှိ၊မရှိအား ပို့ကုန်တင်ပို့သူများက လေ့လာလျက်ရှိကြပါသည်။

ရင်းမြစ်၊ Fruitnet.com (၁၉-၄-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး