Main menu

Background

၂၀၂၀-၂၀၂၁ ခုနှစ် ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့မှုတွင် တန်ချိန် ၉ သန်းသို့ လျှော့ကျခဲ့

Fri, 04/23/2021 - 14:35 -- journal_editor

                ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြောင်းတန်ချိန် ၃.၃ သန်းနှင့် မတ်လတွင် ပြောင်းတန်ချိန် ၃ဒသမ၅ သန်း တင်ပို့ခဲ့ပြီး ကာလတူဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြောင်းတန်ချိန် ၅ဒသမ၃ သန်းအထိတင်ပို့နိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန်သည့်စာရင်း များအရ သတင်းတွင်ဖော်ပြခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် လတ်တလောကာလအထိ ပြောင်းတန်ချိန် ၂၃ဒသမ၄ သန်း တင်ပို့ခဲ့ပြီးဖြစ်ရာ ယခင်သီးနှံရာသီ(အောက်တိုဘာမှ မတ်လအထိ)တွင် တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၃၂ဒသမ၄ သန်းအောက် လျှော့နည်းလျက်ရှိနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

              ယူကရိန်းနိုင်ငံသည် ပြောင်းစေ့များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပြောင်းတန်ချိန် ၇ သန်းအား တင်ပို့ခဲ့သည်။ ယူကရိန်းနိုင်ငံသည် အခြား ပြောင်းပို့ကုန်ဈေးကွက်များဖြစ်သည့် အီဂျစ်နိုင်ငံသို့ ပြောင်းတန်ချိန် ၂ဒသမ၈ သန်း၊ အီယူနိုင်ငံများသို့ ပြောင်းတန်ချိန် ၅ဒသမ၃ သန်းနှင့် တူရကီနိုင်ငံများသို့ ပြောင်းတန်ချိန် ၁ဒသမ၂ သန်းအား တင်ပို့ခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - Internet