Main menu

Background

ဧပြီလ ပထမအပတ်တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှု တန်ချိန် ၃၂၇,၇၉၉ ရှိ

Fri, 04/23/2021 - 14:38 -- journal_editor

             

             ၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမအပတ်(၈ ရက်နေ့အထိ)တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုတွင် တန်ချိန် ၃၂၇,၇၉၉ တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးကွက်ကခန့်မှန်းထားသည် တန်ချိန် ၂၅၀,၀၀၀ ထက်ကျော်လွန်တင်ပို့ နိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(USDA)၏ ပြောကြားချက်ကို သတင်းတွင်ဖော်ပြထားသည်။

              ပဲပုတ်စေ့တင်ပို့မှုသည် ယခင်အပတ်တွင် တန်ချိန် ၃၈၄,၆၆၂ တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူတွင် တန်ချိန် ၄၇၅, ၅၉၇ တင်ပို့နိုင်ခဲ့ကြောင်း ပို့ကုန်စစ်ဆေးရေးစာရင်းများအရ သတင်းတွင်ရေးသားထားသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်ခဲ့သည့် ရိတ်သိမ်းချိန် ကာလအတွင်း  စုစုပေါင်းတန်ချိန် ၅၄,၇၉၉,၈၉၇ ထွက်ရှိခဲ့ပြီး ယခင်နှစ်သီးနှံရာသီတွင် ထွက်ရှိ ခဲ့သည့် ပဲပုတ်တန်ချိန် ၃၂,၂၈၄,၈၂၄  အားကျော်လွန်ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းတွင်ဖော်ပြ ထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး