Main menu

Background

ဂျပန်၏ ပို့ကုန်တင်ပို့မှု ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြန်လည်မြင့်တက်လာခဲ့

Tue, 04/27/2021 - 14:29 -- journal_editor

             ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူလာမှု၏  အကျိုးဆက်အနေဖြင့် ဂျပန်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုများ မတ်လအတွင်းက သိသိသာသာ ပြန်လည်မြင့်တက်လာခဲ့သည်ဟု ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ချက်များအရ သိရှိရပါသည်။

ဂျပန်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဧပြီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်း ဇယားများအရ ယခု ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းမှ ပို့ကုန်တင်ပို့မှုများသည် ယခင်နှစ်ကာလတူ စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၁၆.၁ % ပြန်လည် မြင့်တက်လာကြောင်း၊ အဓိကအားဖြင့် ဂျပန် နိုင်ငံ၏ ပင်မပို့ကုန်ဖြစ်သည့် မော်တော်ယာဉ် တင်ပို့ရောင်းချမှုများမှ အမြတ်အစွန်းများ ရရှိခဲ့ခြင်း ကြောင့်ဖြစ်ကြောင်းသိရပါသည်။

          ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပလတ်စတစ်နှင့် အခြားသောပို့ကုန်ပစ္စည်းများ ပိုမို တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပို့ကုန် ၃၇.၂ % မြင့်တက်လာခဲ့ကြောင်းနှင့် သွင်းကုန်အနေဖြင့် ၅.၇% တိုး တက်ခဲ့ကြောင်း သိရပါသည်။

ရင်းမြစ်။ NHK World News

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)