Main menu

Background

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ရှိ/မရှိကို လျှင်မြန်စွာ စစ်ဆေးနိုင်သည့် နည်းလမ်းကို Riken ဦးဆောင်သည့် သုတေသီများအဖွဲ့က တီထွင်ခဲ့

Tue, 04/27/2021 - 14:30 -- journal_editor

        ဂျပန်နိုင်ငံ၊ Riken scientific research institution ၊ တိုကျိုတက္ကသိုလ်နှင့် အခြားသော သုတေသနဌာနများမှ သုတေသီတွေပါဝင်ကြသည့် ပညာရှင်အဖွဲ့သည်  ၅ မိနစ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး ရှိ/မရှိကို လျှင်မြန်စွာ စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို တီထွင်ခဲ့ကြကြောင်း သိရပါသည်။

အဆိုပါ နည်းလမ်းအသစ်သည် ဗိုင်းရပ်စစ်ဆေးမည့် နမူနာများကို (၁) စတုရန်း စင်တီမီ တာမှာ ချိုင့်ခွက်ငယ်လေးများ (၁) သန်းခန့်ပါဝင်သည့် ဖန်သားပြင်တစ်ခုအပေါ်၌ တင်ထားကာ စမ်းသပ်ခြင်း ဖြစ်ပါသည်။ အလွန်သေးငယ် သည့် အခန်းငယ်လေးများနှင့် အသွင်သဏ္ဍာန်တူသည့် အဆိုပါ ချိုင့်ခွက်ငယ်လေးများကို အဏုကြည့်မှန်ပြောင်းအသုံးပြုကာ ပုံဖော်ဖန်တီးထားပါသည်။

            အဆိုပါ အခန်းငယ်တိုင်းတွင် ဓာတ်စမ်းပစ္စည်းတစ်ခုစီပါဝင်ပြီး စစ်ဆေးမည့် နမူနာတစ်ခု တွင် ကိုရိုနာဗိုင်းရပ်စ်၏ RNA ပါရှိပြီဆိုပါက အဆိုပါအခန်းငယ်မှ အလင်းရောင် ထုတ်လွှတ်ပေး သည်ဟု သိရပါသည်။ ပုံမှန်စစ်ဆေး နေကျ PCR စစ်ဆေးသည့် နည်းလမ်းနှင့်မတူဘဲ အလွန် သေးငယ်သည့် မိုက်ခရိုအခန်းငယ်လေးတစ်ခုအတွင်း၌ပင် ကိုရိုနာဗိုင်းရပ်စ်၏ RNA အနည်း ငယ်ဖြင့်ပင် စစ်ဆေးနိုင်ခြင်းဖြစ်သဖြင့် ဗိုင်းရပ်စ်ကို ထပ်မံအသေးစိတ်စစ်ဆေးရန် မလိုအပ်တော့ ကြောင်း၊ PCR စစ်ဆေးရန် အချိန် (၁) နာရီ သို့မဟုတ် (၁) နာရီထက်ပို၍ အချိန်ကြာနိုင်သော် လည်း ယခု တီထွင်စမ်းသပ်မှုနည်းလမ်းအရ ၅ မိနစ်အတွင်း ရောဂါပိုးရှိ/မရှိကို အဖြေထုတ်ပေး နိုင်မည်ဖြစ်ကြောင်း သိရပါသည်။

ရင်းမြစ်။ https://www.riken.jp/en/research

(နန္ဒာဝင်း၊စီးပွားရေးသံမှူး)