Main menu

Background

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Wed, 04/28/2021 - 11:02 -- journal_editor

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက် နံနက် (၁၀:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ကိစ္စ ရပ်များ၊ မူပိုင်ခွင့်ဥပဒေဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ပြည်တွင်း ကုန်စည်စီးဆင်းမှုအခြေအနေများနှင့် ပတ်သက်၍ အပတ်စဉ် ကျင်းပပြုလုပ်သည့် ဝန်ကြီး ဌာနတွင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

            ရှေးဦးစွာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဝန်ကြီး ဌာနမှ စီမံခန့်ခွဲလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ဦးစီးဌာနများမှ တင်ပြချက်များ နှင့်စပ်လျဉ်း၍ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်စေရေး၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်နှင့်တစ် ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို Time Frame ထားရှိ ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဦးစီး ဌာနများရှိ လက်အောက်ဝန်ထမ်းများကိုလည်း မိမိဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့်ကိစ္စ ရပ်များအား သိရှိနိုင်စေရေး အသိပေးရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

           အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၃၀) နာရီအချိန် တွင် ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

MOC(IR)