Main menu

Background

ပါကစ္စတန်နိုင်ငံမှ တရုတ်နိုင်ငံသို့ တင်သွင်းသော ဆန်ကွဲအိတ်များ၌ COVID-19 ရောဂါပိုးများပါဝင်နေသည်ကိုတွေ့ရှိခဲ့

Thu, 04/29/2021 - 12:42 -- journal_editor

           ကွမ်တုန်းပြည်နယ်၊ Zhanjiangရှိ Leizhou စည်ပင်သာယာအစိုးရ ၀က်ဘ်ဆိုက်မှ မတ်လ ၃၀ ရက်နေ့တွင် တင်ထားသည့် သတင်းများအရ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသည့် ဆန်ကွဲအိတ်များ၌ COVID-19 ရောဂါပိုးများ တွေ့ရှိကြောင်းနှင့် ၎င်း ဆန်ကွဲများမှာ Leizhouမြို့တော်၏ Songzhu စီရင်စုရှိ Fangjia ကျေးရွာ မွေးမြူရေးခြံထဲသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရပါသည်။ 

           ဆန်ကွဲအိတ်များအတွင်း COVID-19 ရောဂါပိုးများ ပါဝင်နေကြောင်း သိလျှင် သိချင်း Leizhou မြို့တော်စျေးကွက်ကြီးကြပ်ရေး အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူး Guo Wangyu ဦးဆောင်သည့်အဖွဲ့သည် မတ်လ (၂၉) ရက်နေ့တွင် Songzhu စီရင်စုသို့ အလျင်သွားရောက်ကာ စုံစမ်းစစ်ဆေးမှုများကို အမြန်စတင်ခဲ့သည်ဟု သိရပါသည်။

အချိန်မီ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးအတွက် စုံစမ်းစစ်ဆေး ရေးအဖွဲ့ဝင်များသည် COVID-19 ရောဂါပိုး ပါ၀င်နေသောထုတ်ကုန်များအား ခြေရာခံ စစ်ဆေးခဲ့ကာ၊ ၎င်းပစ္စည်းများကို ကိုင်တွယ်ခဲ့သော၀န်ထမ်းများနှင့် ကုန်ပစ္စည်းများကို Nucleic acid စစ်ဆေးမှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။

      ယခုနောက်ပိုင်းတွင် ရရှိသည့် သတင်းအချို့အရ ပြည်ပမှ တင်သွင်းသည့် ဆန်ကွဲများအား ဆိုက်ရောက်ရာဆိပ်ကမ်းအသီးသီးရှိ သိုလှောင်ရုံများတွင် ထားရှိရ မည်ဖြစ်ကာ Nucleic acid စစ်ဆေးမှုများကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

ထို့ကြောင့် အချိန်ပိုမိုကြန့်ကြာပြီး ကုန်ကျစရိတ်များ ပိုမိုများလာသည့် အတွက်လည်းကောင်း၊ စားနပ်ရိက္ခာအရန်သိုလှောင်ထားသည့် ဆန်ကွဲများအား ဈေးကွက် အတွင်း ထုတ်ရောင်းပေးနေသဖြင့်လည်းကောင်း၊ ဇွန်လအတွင်း ပြည်တွင်းစိုက်စပါး အသစ်များကို ရိတ်သိမ်းတော့မည်ဖြစ်သည့်အတွက်လည်းကောင်း ဆန်ကွဲတင်သွင်းသူ လုပ်ငန်းရှင်များမှာ ပြည်ပမှ လတ်တလောဝယ်ယူရန် များစွာစဉ်းစားနေကြကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ အင်တာနက်နှင့် ကုန်သည်များထံမှ မေးမြန်းသိရှိသည့် အချက်အလက်များ

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)