Main menu

Background

ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုက တရုတ်နိုင်ငံ၏ အရည်အသွေးမြင့်ဖွံ့ဖြိုးမှုအပေါ် အားပေး လျက်ရှိ

Thu, 04/29/2021 - 12:53 -- journal_editor

      တရုတ်နိုင်ငံ၌ ငွေပေးငွေယူမှုများပြုလုပ်ရာတွင် ငွေသားအသုံးပြုခြင်း၊ Alipay နှင့် WeChat Payကဲ့သို့ ဒစ်ဂျစ်တယ်နည်းဖြင့် ပေးချေမှုပြုပေးသည့် ပေါင်းကူးနေရာ (platform)များ အသုံးပြုခြင်းတို့အပြင်၊ ဒစ်ဂျစ်တယ် ယွမ်ငွေကိုလည်း အသုံးပြုလာသည်ကို တွေ့ရပါသည်။ mobile app တစ်ခုအား ဒေါင်းလော့ (download)ရယူကာ ၊ ယွမ်စပေါ်ငွေ ထည့်သွင်းပြီးသည်နှင့် ၎င်းငွေမှာ ဒစ်ဂျစ်တယ်ယွမ်ငွေအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပါ သည်။ ၎င်းငွေကြေးအမျိုးအစားအား အသုံးပြုရာတွင် ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် (digital wallet)များကဲ့သို့ ရိုးရှင်းလွယ်ကူကာ၊ ပေးချေသည့်အချိန်၌ပင် အပေးအယူပြုလုပ်ပေးပါ သည်။ ၎င်းဒစ်ဂျစ်တယ်ငွေကြေးအား မြို့တော်အချို့တွင် ကနဉီးစမ်းသပ်အသုံးပြုနေပြီဖြစ် ပါသည်။

       တရုတ်အစိုးရ၏ (၂၀၂၁-၂၀၂၅) ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းတွင်  ဒစ်ဂျစ် တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဉီးစားပေးဖော်ပြထားကာ  လက်တွေ့စီးပွားရေးဖြင့် နက်ရှိုင်းစွာ ပေါင်းစည်းဆောင်ရွက်သွားရေး မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့ပြင် အရည်အသွေးမြင့်ဖွံ့ဖြိုးမှုအပေါ် အားပေးသွားနိုင်မည့် နိုင်ငံတကာပြိုင်ဆိုင်နိုင်သည့် ဒစ်ဂျစ်တယ်လုပ်ငန်းပိုင်းဆိုင်ရာအစုအဖွဲ့များကိုလည်း တည်ဆောက်သွားမည်ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် တရုတ်နိုင်ငံကို အဆင့်ပိုမိုမြင့်စေရန်တည်ဆောက်ရာတွင် မိမိနိုင်ငံကို အားကိုး သော၊ တီထွင်မှုက တွန်းအားပေးသော၊ အရည်အသွေးမြင့်သော ဖွံ့ဖြိုးတိုးတက်မှုအား ဖော်ဆောင်သွားရန် အရေးကြီးကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ရာဗျူရို၏ အဖွဲ့ဝင် Huang Kunmingကမှတ်ချက်ပြုပြောကြားပါသည်။

          ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုမှုက တရုတ်နိုင်ငံ၏ COVID-19ကပ်ရောဂါ ကာကွယ်ကုသရေးတွင် များစွာအသုံးဝင်ခဲ့ပါသည်။ ယခုအခါ တရုတ်နိုင်ငံက  ၎င်း၏ လုပ်ငန်းများ အဆင့်မြှင့်တင်ရန်နှင့် အရည်အသွေးမြင့်ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်း ထင်ရှား လာစေရန် လက်တွေ့စီးပွားရေးနှင့် ဒစ်ဂျစ်တယ်နည်းပညာများအား နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းရေးကို မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

    စက်မှုကုန်ထုတ်လုပ်ငန်းများတွင် စမတ်နည်းပညာအား အသုံးပြုလာသည့် ခေတ်ရေစီးကြောင်းအရ အချို့စက်ရုံများတွင် အပြောင်းအလဲများဖြစ်ပေါ်လာပါသည်။ အားကစားအဝတ်အထည်များ ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သည့် ANTA Sports၏ ရှန်မန်ရှိစက်ရုံတွင် စက်များ၊ big dataနှင့် Internet of Thingsတို့၏ အစွမ်းကြောင့်  အလို အလျောက် အထည်ချုပ်ခြင်း၊ လုပ်ငန်းတစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ခြင်း၊ အရည်အသွေးစစ်ဆေးခြင်း၊ အထည်စီခြင်း၊ အလေးအပင်မခြင်းစသည့် လုပ်ငန်းစဉ်ပေါင်း (၁၂)မျိုးကျော်ကို ဆောင်ရွက်ပေးနေပါသည်။  အထည်တစ်ထည်ကို လူကချုပ်ရာတွင် (၁၅) ရက်ခန့်ကြာမြင့်ရာမှ စက်အင်အားဖြင့် ချုပ်ရာတွင် (၃)နာရီခွဲခန့် သာကြာမြင့်စေရန် လျှော့ချ ပေးနိုင်ပါသည်။  တရုတ်နိုင်ငံတွင် လုပ်ငန်းကြီးပေါင်း (၁,၅၀၀)ကျော်က ထိုကဲ့သို့ ဒစ်ဂျစ် တယ်အသွင်ပြောင်းလဲမှုများမှတဆင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

         စက်မှုကုန်ထုတ်လုပ်ငန်းများကဲ့သို့ပင် ကျေးလက်ဒေသများ၌လည်း 5G ဆက်သွယ်ထားသည့် အာရုံခံကိရိယာများ၊ ကျေးရွာတစ်ဝိုက်တပ်ဆင်ထားသည့် ကင်မရာ များစသည်ဖြင့် ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုများ၏ အကူအညီများကြောင့် လုပ်ငန်းများ ပိုမိုထိရောက်လျက်ရှိပါသည်။ ၎င်းအထောက်အကူပြုပစ္စည်းများနှင့် နည်းပညာများအား အခြေခံအဆောက်အအုံများကို စောင့်ကြည့်ရန်၊  အထီးကျန်နေသော (သို့မဟုတ်) အကြီး အကျယ် နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရန်၊ အပင်ပိုးမွှားကျခြင်းအခြေအနေများအား ချက်ချင်းသိရှိနိုင်ခြင်းစသည်ဖြင့် လယ်ယာ လုပ်ငန်းခွင်များအား ကြီးကြပ်ရန်တို့ကို ဆောင်ရွက် လာနိုင် ကြပါသည်။ လယ်ယာလုပ်ငန်း ခွင်များ၌ အဆိုပါနည်းပညာများကို အသုံးပြုနိုင်သဖြင့် ပိုးမွှားများကြောင့် စိုက်ခင်း ပျက်စီးမှုများအား များစွာလျှော့ချနိုင်ကာ၊ တစ်မူ (mu) (ဟက်တာ ၀.၀၆၇ ခန့်)လျှင် ဝင်ငွေ ရရှိမှု ယွမ် (၃၀၀)မှ ယွမ်(၅၀၀)ကြားတိုးလာကြောင်း သိရပါသည်။  တရုတ်နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်စိုက်ပျိုးရေးအဖြစ်ပြောင်းလဲလာမှုကြောင့် ဖွံ့ဖြိုးမှုအခွင့်အလမ်းအသစ်များ ပေါ်ထွက်လာကာ၊ သိသာထင်ရှား သည့် ဖွံ့ဖြိုးမှုများ ရရှိနိုင် မည်ဟုလည်း မျှော်လင့်ထားကြပါသည်။

ရင်းမြစ်၊ Xinhua (၂၆-၄-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)