Main menu

Background

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြား

Mon, 05/03/2021 - 11:58 -- journal_editor

      ဧပြီလ ၂၉ ရက်နေ့ (၁၄:၀၀) နာရီအချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ (၁)၌ Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ လယ်ယာ ထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

      လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့နှင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုဘဏ္ဍာနှစ်အတွင်း အခြေခံရည်ညွှန်း စပါးဈေးနှုန်းဖြင့် တောင်သူ လယ်သမားများထံမှ စပါးဝယ်ယူမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် (၁) သိန်းကို G to G အစီ အစဉ်ဖြင့်တင်ပို့နေမှု၊ နွေစပါးစိုက်ပျိုးထွက်ရှိသည့်ဒေသများတွင် စပါးဈေးဖြစ်ပေါ်မှုအခြေအနေ များကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်၍ အခြေခံရည်ညွှန်းစပါးဈေးနှုန်းဖြင့် ဝယ်ယူရန် လိုအပ်ပါက အဆင်သင့်ဝယ်ယူနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုအခြေအနေများနှင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

        ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဝင်များက လက်ရှိဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဆန်၊ စပါးဈေးနှုန်းအခြေအနေများနှင့် ရောင်းဝယ်ဖောက်ကားမှုအခြေအနေများကို ဝိုင်းဝန်းဆွေးနွေးကြပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

    အစည်းအဝေးသို့ နေပြည်တော်ကောင်စီဝင်၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဝင်နှင့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့ဝင် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

MOC(IR)