Main menu

Background

အာဂျင်တီးနားနိုင်ငံ၏ ဂျုံဈေးနှုန်းများကြောင့် ဘရာဇီးလ်ဂျုံထုတ်လုပ်သူများ၏ စိတ်ဝင်စားမှု မြင့်တက်

Mon, 05/10/2021 - 15:27 -- journal_editor

             ဘရာဇီးလ်နိုင်ငံ၏ ဂျုံဈေးကွက်တွင် အရောင်းအဝယ်များအေးစက်လျက်ရှိနေသဖြင့်  ပြည်တွင်းရှိ ဂျုံမှုန့်အသုံးပြုသည့်စက်ရုံများမှ ဝယ်ယူအသုံးပြုမှုမြင့်တက်လာစေရန် ဆွဲဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado မှ သုတေသနမှူး Jonathan Pinheiro က သတင်းဌာနသို့ ပြောကြားခဲ့သည်။ ပြည်တွင်းမှ ထွက်ရှိသည့်ဂျုံမှုန့်များသည် သယ်ယူပို့ဆောင်စရိတ်များနည်းပါးသော်လည်း အနည်းငယ်သာထုတ် လုပ်သဖြင့် ပြည်ပမှတင်သွင်းသည့်ဂျုံမှုန့်အပေါ်တွင်သာ အဓိကမှီခိုနေရသည်။

              ဘရာဇီးလ်နိုင်ငံသို့ ဂျုံမှုန့်အဓိကတင်သွင်းလျက်ရှိသည့် အာဂျင်တီးနားနိုင်ငံတွင် ပြည်တွင်းဂျုံမှုန့်ဈေးနှုန်းများ သိသိသာသာမြင့်တက်လျက်ရှိရာ ဘရာဇီးလ်နိုင်ငံရှိ ဂျုံမှုန့်ဈေးကွက် အပေါ်တွင်လည်း ရိုက်ခတ်မှုများရှိနေသည်။ ပြည်တွင်းဂျုံမှုန့်ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အာဂျင်တီးနားနိုင်ငံ၏ ဂျုံမှုန့်တင်ပို့မှုအား ထိခိုက်နိုင်မှုအပေါ်တွင်လည်း ဘရာဇီးလ်ဝယ်လက် များက စိုးရိမ်ပူပန်လျက်ရှိကြောင်း Jonathan Pinheiro က သတင်းဌာနသို့ ပြောကြားခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br