Main menu

Background

၂၀၂၁ ခုနှစ် ပထမ ၃ လပတ်ကာလတွင် အာရှသည် ဘရာဇီးလ်နိုင်ငံ၏သကြားပို့ကုန်များအတွက် အဓိကဈေးကွက်ဖြစ်ခဲ့

Mon, 05/10/2021 - 15:28 -- journal_editor

            ၂၀၂၁ ခုနှစ်၏ ပထမ ၃ လပတ်ကာလတွင် ဘရာဇီးလ်နိုင်ငံမှ သကြားတန်ချိန် ၅,၈၀၆,၇၉၂ တင်ပို့ခဲ့ပြီး ဘရာဇီးလ်နိုင်ငံ၏ တင်ပို့ကုန်များအနက် စတုတ္ထမြောက် အများဆုံးတင်ပို့မှု ဖြစ်ကြောင်း Comexstat မှ ထုတ်ပြန်သောအချက်အလက်များတွင် ဖော်ပြခဲ့သည်။ အဆိုပါ သကြားတင်ပို့မှုမှ နိုင်ငံ၏ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၈၃၉ ဘီလီယံ ရရှိခဲ့သည်။ သကြားကို São Paulo ပြည်နယ်တွင် အများဆုံးထုတ်လုပ်ပြီး စုစုပေါင်းပမာဏ၏ ၆၄ ရာခိုင်နှုန်း၊ Paraná ပြည်နယ် တွင် ၆.၅ ရာခိုင်နှုန်း၊ Minas Gerais ပြည်နယ်တွင် ၈.၁၁ ရာခိုင်နှုန်းထုတ်လုပ်ပြီး အခြားပြည်နယ်များတွင်လည်း အနည်းငယ်စီထုတ်လုပ်ကြသည်။

              အာရပ်နိုင်ငံများနှင့်အာရှနိုင်ငံများသည် ဘရာဇီးလ်နိုင်ငံ၏ သကြားပို့ကုန်များအတွက် အဓိကဈေးကွက်များ ဖြစ်ကြသည်။  မူစလင်ဘာသာအများစုကိုးကွယ်ပြီး ဟာလာအသိအမှတ်ပြု ထုတ်ကုန်များကိုသာ အဓိကစားသုံးသည့် အင်ဒိုနီးရှားနိုင်ငံ၏ သကြားဝယ်ယူတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁၇၄ သန်း တန်ဖိုးရှိပြီး ဘရာဇီးလ်နိုင်ငံ၏ စုစုပေါင်းသကြားတင်ပို့မှု၏ ၉.၅ ရာခိုင်နှုန်းရှိသည်။ သကြားအများဆုံးဝယ်ယူတင်သွင်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဘရာဇီးလ် နိုင်ငံမှ စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းကိုတင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၈၄ သန်း တန်ဖိုးရှိခဲ့သည်။ အယ်လ်ဂျီးရီယားနိုင်ငံသည် ၈.၃ ရာခိုင်နှုန်း တင်သွင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၅၂ သန်းတန်ဖိုး ရှိခဲ့သည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br