Main menu

Background

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံ၏သကြားထုတ်လုပ်မှု တန်ချိန် ၁.၅၅ သန်းသို့ ကျဆင်းနိုင်ကြောင်း ခန့်မှန်း

Tue, 05/11/2021 - 11:49 -- journal_editor

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံ၏ သကြားထုတ်လုပ်မှုသည် တန်ချိန် ၁.၅၅ သန်းသို့ ကျဆင်းနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် သကြားတန်ချိန် ၁.၈၃ သန်း အထိ ထုတ်လုပ်နိုင်ခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့ရှိ အမေရိကန်စိုက်ပျိုးရေးဌာန (USDA)ရုံးခွဲမှ  လယ်ယာစိုက်ပျိုးရေးသံမှူးက သတင်းဌာနသို့ပြောကြားခဲ့သည်။

              အာဂျင်တီးနားနိုင်ငံရှိ ကြံအဓိကစိုက်ပျိုးသည့်ဒေသများတွင် မိုးခေါင်သည့်ရာသီဥတု ကြောင့်  ကြံစိုက်ခင်းများ၏အထွက်နှုန်းများ ကျဆင်းမည်ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် အာဂျင်နီးနားနိုင်ငံ၏ သကြားထုတ်လုပ်မှုလည်း ကျဆင်းမည်ဖြစ်ကြောင်း၊ ထို့အပြင် ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် တောင်အမေရိတိုက်ရှိနိုင်ငံများ၏ သကြားထုတ်လုပ်တင်ပို့မှုသည် တန်ချိန် ၂၂၀,၀၀၀ သို့ကျဆင်းနိုင်ကြောင်း၊   ယခင်နှစ်က သကြားတန်ချိန် ၂၄၀,၀၀၀ တင်ပို့ခဲ့ကြောင်း စိုက်ပျိုးရေးသံမှူး၏ သတင်းပေးပို့ချက်တွင် ဖော်ပြထားသည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် အာဂျင်တီးနားနိုင်ငံ၏ ကြံရိတ်သိမ်းမှုသည် တန်ချိန် ၂၀ သန်းအထိ ထွက်ရှိကြိတ်ခွဲနိုင်ရန်မျှော်မှန်းထားကြောင်း၊ ၎င်းပမာဏသည် ၂၀၂၀-၂၀၂၁ ခုနှစ် ကာလနှင့်နှိုင်းယှဉ်ပါက ကြံထွက်ရှိမှု ၆.၁ ရာခိုင်နှုန်း သို့မဟုတ် တန်ချိန် ၁.၃ သန်းကျဆင်း ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် အာဂျင်တီးနားနိုင်ငံ၏ ပြည်တွင်းသကြား စားသုံးမှု သည် တန်ချိန် ၁.၅ သန်းရှိရန် ခန့်မှန်းကြောင်း၊ ယခင်နှစ်တွင် ပြည်တွင်းသကြား စားသုံးမှုသည် တန်ချိန် ၁.၅၂၅ သန်း ရှိခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br