Main menu

Background

၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကနေဒါနိုင်ငံ၏ဂျုံစိုက်ပျိုးထုတ်လုပ်မှုမှ ဂျုံတန်ချိန် ၃၃.၅ သန်း ထွက်ရှိရန်မျှော်မှန်း

Tue, 05/11/2021 - 11:52 -- journal_editor

                      ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကနေဒါနိုင်ငံ၏ ဂျုံစိုက်ပျိုးမှုမှ ဂျုံတန်ချိန် ၃၃.၅ သန်းအထိ ထွက်ရှိရန် ခန့်မှန်းထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် ဂျုံတန်ချိန် ၃၅.၁၈၃ သန်း စိုက်ပျိုးထွက်ရှိခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ကနေဒါနိုင်ငံမှ ဂျုံတန်ချိန် ၂၄.၁ သန်းကို ပြည်ပသို့တင်ပို့နိုင်ရန် မျှော်မှန်းထားပြီး ယခင်နှစ်က ဂျုံတန်ချိန် ၂၇.၁ သန်း တင်ပို့နိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန(U.S. Department of Agriculture - USDA)က သတင်းဌာနသို့ ပြောကြားခဲ့သည်။

              ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် ကနေဒါနိုင်ငံ၏ ပြည်တွင်းဂျုံစားသုံးမှုမှာ တန်ချိန် ၈.၉၃၂ သန်း ရှိရန် ခန့်မှန်းထားကြောင်း၊ နှစ်ဆန်းပိုင်းတွင် ပြည်တွင်းဂျုံလက်ကျန် တန်ချိန် ၅.၃၃၂ သန်း ရှိနိုင်ကြောင်းနှင့် ဂျုံရိတ်သိမ်းရာသီချိန်တွင် ဂျုံတန်ချိန် ၆.၂ သန်း အထိရှိနိုင်ကြောင်း  သတင်းတွင်ဖော်ပြထားသည်။

(ထွန်းအောင်ဇော်)

စီးပွားရေးသံမှူး

သတင်းရင်းမြစ် - canalrural.com.br