Main menu

Background

(၂၀၂၀)ပြည့်နှစ်အတွင်း တရုတ်နိုင်ငံ၌ အလားအလာအကောင်းဆုံးဖြစ်ခဲ့သည့် လုပ်ငန်း (၁၀)ရပ်

Wed, 05/12/2021 - 13:16 -- journal_editor

COVID-19 ကပ်ရောဂါက ယခင်မျှော်မှန်းခဲ့သော စီးပွားရေးမျှော်မှန်းချက်များ အားလုံးအား ကမောက်ကမဖြစ်လုနီးဖြစ်စေခဲ့ပါသည်။ ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါကာလအလွန်၌  တရုတ်နိုင်ငံ၌ မည်သည့်လုပ်ငန်းများ ထွန်းကားလာပြီး၊ အလား အလာကောင်းလာသည်ဟူသည်ကို Caijing Thinktank and Saudi Basic Industry Corporation က ဧပြီလ (၁၁)ရက်နေ့က စစ်တမ်းကောက်ယူခဲ့သည်။

အဆိုပါစစ်တမ်းအား ဖြေကြားသူပေါင်း (၇၆၂)ဉီးရှိခဲ့ပြီး၊ (၄၁.၉) ရာခိုင်နှုန်းမှာ စီးပွားရေးလုပ်ငန်းအဝန်းအဝိုင်းမှလည်းကောင်း၊ (၁၈) ရာခိုင်နှုန်းမှာ ဘဏ္ဍာရေးအဖွဲ့ အစည်းများမှလည်းကောင်း၊ (၁၂.၇) ရာခိုင်နှုန်းမှာ ပညာရေး ဘက်မှ လည်းကောင်း၊ (၁၀.၂) ရာခိုင်နှုန်းမှာ သတင်းမီဒီယာများဘက်မှလည်းကောင်း၊ (၅.၅) ရာခိုင်နှုန်းမှာ အစိုးရဌာန များမှလည်းကောင်း၊ (၁၀.၂) ရာခိုင်နှုန်းမှာ နိုင်ငံပြင်ပမှလည်းကောင်း ဖြေကြားကြောင်း တွေ့ရပါသည်။

စစ်တမ်းအရ (၂၀၂၀) ပြည့်နှစ်အတွင်း လုပ်ငန်းပေါင်း (၂၁)ရပ်တို့မှာ အလား အလာအကောင်းဆုံးဖြစ်ခဲ့ပြီး အောက်ဖော်ပြပါလုပ်ငန်းများမှာ ထိပ်တန်း(၁၀)နေရာတွင် ရပ်တည်ခဲ့ကြောင်းတွေ့ရပါသည် -

(၁)       (တိုင်းရင်းဆေးအပါအဝင်) ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းများ

(၂)       သက်ကြီးစောင့်ရှောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ

(၃)       Artificial intelligence

(၄)       ပညာရေး

(၅)       သတင်းအချက်အလက်နည်းပညာ (IT)

(၆)       ဇီဝနည်းပညာ

(၇)       စွမ်းအင်အသစ်သုံး မော်တော်ယာဉ်များ

(၈)       (မိုက်ခရိုချိပ်စသည့်)နည်းပညာအဆင့်မြင့် အသုံးအဆောင်များ

(၉)       စွမ်းအင်အသစ်

(၁၀)     ခေတ်မီကုန်စည်သယ်ယူပို့ဆောင်ရေး (ချောပို့လုပ်ငန်းများအပါအဝင်)

ရင်းမြစ်၊ China Daily (၈-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)