Main menu

Background

Smart Factoryပေါင်း (၁၀၀၀) ထွန်းကားလာစေရန် ရည်ရွယ်သည့် ဟွာဝေး၏ 5GtoB solution

Wed, 05/12/2021 - 13:22 -- journal_editor

               တရုတ်နိုင်ငံ၏ စက်မှုနိုင်ငံအဖြစ်တည်ထောင်ရေးလုပ်ငန်းစဉ်အား အရှိန် မြှင့်တင်သည့်အနေဖြင့် တရုတ်ဆက်သွယ်ရေးကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးက ၎င်း၏ 5GtoB solution နှင့်အတူ Smart Factoryပေါင်း (၁၀၀၀)အား ထွန်းကားလာစေရန် လုပ်ငန်းအစီအစဉ်တစ်ရပ် ပြုလုပ်သွားမည်ဟု မေလ (၉)ရက်နေ့တွင် ထုတ်ပြန်ကြေငြာ ခဲ့ပါသည်။

             နှစ်နှစ်ကျော် လက်တွေ့ကျင့်သုံးမှုများ ပြုလုပ်ပြီးနောက် နည်းပညာနှင့် စက်မှု လုပ်ငန်းနယ်ပယ်တွင် အဆင်မပြေမှုများအား 5GtoB က ဖြေရှင်းထားပြီးဖြစ်ကြောင်း၊ စံနမူနာ site အချို့အား အကြီးစားအသုံးပြုနိုင်သည့် အရွယ်အစားသို့ ပုံတူပွား အသွင် ပြောင်းသွားမည်ဖြစ်ကြောင်း၊  smart factories (၁၀၀၀)ကျော် ထွန်းကားလာစေရန် စက်မှုလုပ်ငန်းကွင်းဆက်တစ်ခုလုံးရှိ ၎င်းတို့၏ လုပ်ငန်းမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟွာဝေး၏ အကြီးတန်းဒါရိုက်တာနှင့် စီးပွားရေးလုပ်ငန်း အုပ်စု၏ အကြီးအကဲ Ryan Ding က  မှတ်ချက်ပြုပြောကြားထားပါသည်။

              ဆက်သွယ်ခြင်း၊ တွက်ချက်ခြင်းနှင့် လုပ်ငန်းဒစ်ဂျစ်တယ်မှုပြုခြင်းတို့တွင် ၎င်းတို့၏ အတွေ့အကြုံဖြင့် တည်ဆောက်ခဲ့ရာ ဟွာဝေးသည်  အော်ပရေတာများနှင့် အခြားလုပ်ငန်းမိတ်ဖက်များနှင့် အတူတကွ အလုပ်လုပ်ခဲ့ပြီး၊ အရောင်း၊ လုပ်ငန်းလည်ပတ် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုများအား ခြုံငုံမိသော တစ်နေရာတည်းတွင် ဖြေရှင်း နိုင်သည့် 5GtoB solutionအား ဖွံ့ဖြိုးစေရန်ဆောင်ရွက်ခဲ့ပါသည်။

                တရုတ်နိုင်ငံသည် ၎င်း၏ "5G+ Industrial Internet" မဟာဗျူဟာအား ဖွံ့ဖြိုးရာတွင် အလွန်အရေးကြီးပုံအား ကောင်းစွာသိမြင်ခဲ့ကာ ဗဟိုအစိုးရ၏ လုပ်ငန်း အစီရင်ခံစာတွင်(၄)နှစ်ဆက်တိုက် ဖော်ပြခဲ့ပါသည်။

          လက်ရှိ၌ တရုတ်နိုင်ငံတွင် ဘိလပ်မြေ၊ မော်တော်ယာဉ်၊ ရေနံဓာတု၊ သံမဏိ၊ သတ္ထုတူးဖော်ရေးနှင့် ရေနံလုပ်ကွက်များအပါအဝင် လုပ်ငန်းပေါင်း (၂၂)ရပ်ကို ခြုံငုံသည့် "5G+ Industrial Internet" စီမံကိန်းပေါင်း (၁,၁၀၀)ကျော်အား တည်ဆောက်နေကြောင်း သိရပါသည်။

ရင်းမြစ်၊ Xinhua (၉-၅-၂၀၂၁)

(ဒေါက်တာရွှေစင်ကို၊စီးပွားရေးသံမှူး)